လိမ်မည်မှန်းသိဟု ဒီမိုကရက်တစ်ပါတီပြော

Monday, 08 November 2010 16:33 ရွေးကောက်ပွဲ သတင်းတို
Print
မဲလိမ်မဲခိုးမည်မှန်း သိသော်လည်း ရွေးကာက်ပွဲဝင်ရခြင်းမှာ ဒီမိုကရေစီ အခွင့်အရေးများ ရရှိမည်ဟု ထင်သည့်အတွက် ၀င်ရောက်ခြင်းဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနု ကပြောသည်။ “အမြဲတမ်းလိမ်လည် နေတဲ့သူတွေလေ၊ ဒါကြောင့် လိမ်နိုင်တယ်ဆိုတာတော့ သိပြီးသားပါ၊ မဲရုံထဲကို ကျမ မ၀င်ရဘူး၊ ဒါပေမယ့် ကြံ့ဖွံ့တွေက မဲရုံမှူး ဟန်ဆောင်ပြီးဝင်တယ်”ဟု ၎င်းကပြောသည်။