ရန်ကုန် ဗိုလ်တထောင် မြို့နယ် သန်လျက်စွန်း အခြေစိုက် ရေတပ် စခန်းတွင် ပေးခဲ့သော ကြိုတင်မဲများကို ရေတွက် ချိန်တွင် မဲအများစုမှာ NDF ပါတီအတွက် ဖြစ်နေသည်ဆိုကာ အဆိုပါ မဲများကို ပယ်ဖျက်ပြီး ကြံ့ဖွံ့ပါတီ ကိုသာ မဲပေးရန် ညွှန်ကြား၍ မဲထပ်မံ ပေးစေသည်ဟု ရေ တပ် မိသားစုဝင် တဦးက ပြောသည်။