ကြံ့ဖွံ့ဥပဒေနှင့်မညီဟု တစည ပြော

Monday, 08 November 2010 17:42 ရွေးကောက်ပွဲ သတင်းတို
Print
ကြံ့ဖွံ့ပါတီက ပြိုင်ဘက်ပါတီများကို အနိုင်ရခြင်းသည် ဥပဒေနှင့်မညီသည့် ကြိုတင်မဲများကြောင့် ဖြစ်သည်ဟု တစည ပါတီ၏ လက် ပံတန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးညွန့်တင်က ပြောသည်။ ကြိုတင်မဲကို မီးဖွားသူ၊ နာတာရှည် ရောဂါရှင်၊ အိပ်ရာထဲလဲနေသော သက်ကြီးရွယ်အို၊ ကိုယ်ရေပြားရောဂါရှင်၊ နယ်ဝေးသို့သွားပြီး တာဝန်ထမ်းရမည့်သူ၊ အချုပ်ကျ နေသူ များဖြစ်ကြောင်း၊ ကြံဖွံပါတီ လုပ်ရပ်သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၏ ကြိုတင်မဲများ နည်းနိုင် သမျှ နည်းရန် မှာကြားမှုနှင့်မကိုက်ညီ ဟုလည်း ဆိုသည်။