ရန်ကုန်တွင် ပြည်သူ့လွှတ်တော်အတွက် နေရာအများစု ကြံ့ဖွံ့နိုင်

Tuesday, 09 November 2010 12:15 ရွေးကောက်ပွဲ သတင်းတို
Print
မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်သူ့ လွှတ်တော် အတွက် ကြံ့ဖွံ့ပါတီမှ အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်က ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဦးသုဝေကို အနိုင်ရရှိသွားပြီဟု သိရသည်။ အလားတူ လှိုင်မြို့နယ်၊ လှိုင်သာယာ၊ သာကေတ မြို့နယ်တို့တွင်လည်း ပြည်သူ့လွှတ်တော် အတွက် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များသာ အနိုင်ရရှိကြောင်း အတည်ပြုနိုင်ပြီဟု သိရသည်။