မဲလိမ်ရန် ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် ညွှန်ကြားဖွယ်ရှိ

Tuesday, 09 November 2010 13:16 ရွေးကောက်ပွဲ သတင်းတို
Print
မဲမသမာမှုများ ပြုလုပ်၍ ကြံ့ဖွံ့ပါတီ အနိုင်ယူရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် မြို့တော်ဝန် ဦးအောင်သိန်းလင်းကို ညွှန်ကြား ခဲ့ဖွယ် ရှိကြောင်း သတင်း ရရှိသည်။ ၅ ရက်နေ့ ညနေက ရန်ကုန် စည်ပင်ရုံးတွင် စိတ်ညစ်နေသည့် ဦးအောင်သိန်းလင်းမှာ ညွှန်ကြားချက် တခု ရသဖြင့် ပျော်ရွှင်သွားကြောင်း၊ ထိုညွှန်ကြားချက်တွင် ရန်ကုန်မြို့၌ တခြားပါတီများအား ၃၀ ရာခိုင်နှုန်း မကျော်စေရ ဟု ပါရှိကြောင်း၊ ထိုသို့ ညွှန်ကြားသည်ကို တခြားသော စစ်တပ် အသိုင်းအဝန်းများပင် မသိရကြောင်း ဦးအောင် သိန်းလင်းနှင့် နီးစပ်သူ တဦးက ပြောသည်။