ဒေါက်တာစောနိုင်အတွက် အဖြေ အခုတမျိုး၊ တော်ကြာတမျိုး

Thursday, 11 November 2010 12:06 ရွေးကောက်ပွဲ သတင်းတို
Print
တောင်ဥက္ကလာမြို့နယ်မှ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာစောနိုင်ကို အနိုင်ရသည်ဟု မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူ အသိပေးပြီးမှ အမှန်တကယ် ထုတ်ပြန်သည့်အနိုင်ရ စာရင်းတွင် ပါမလာကြောင်း သိရသည်။ ထိုသို့ ခဏခဏ အပြောင်းအလဲ ဖြစ်နေသော ရလဒ်ကို ၎င်းအနေဖြင့် မည်ကဲ့သို့ နားလည်ရမည် မသိတော့ကြောင်း ဒေါက်တာစောနိုင်က ပြောသည်။ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ကမူ ၎င်းတို့အနေဖြင့် မျှမျှတတ လုပ်ဆောင် ပေးခဲ့ကြောင်း ပြောဆိုသည်။