ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ သတင်းတို

သန်လျင် NDF အမတ်လောင်းများ တရားမျှတကြောင်း လက်မှတ်မထိုး

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်များ ဖြစ်ကြသော ဒေါက်တာ အောင်နိုင်၊ဦးခင်မောင်လွင်ဦးနှင့် ဦးအောင်နိုင်ထွန်းတို့ ၃ ဦးသည် မဲရေပြီးချိန်တွင် တရားမျှတသည်ဟု သိရှိကြောင်း လက်မှတ် ထိုး မပေးခဲ့ ကြကြောင်း သတင်းရရှိသည်။ သန်လျင် မြို့နယ်အတွက် လွှတ်တော် ၃ ရပ်စလုံးတွင် ကြံ့ဖွံ့ပါတီက ကြိုတင်မဲ ၉၀ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့သည်။
ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲကို “အမှိုက်ပုံ” ဟု ဒေါ်အောင်ဆန်းစုကြည်သား ပြော

ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ် ကင်မ် အဲရစ်စ်က နအဖ စစ်အစိုးရ ကျင်းပသည့် ရွေးကောက်ပွဲသည် “အမှိုက်ပုံ” ရွေးကောက်ပွဲသာ ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာကို ပြောကြားလိုက်သည်။
ရွေးကောက်ပွဲ သတင်းတို

ကြံ့ဖွံ့ဥပဒေနှင့်မညီဟု တစည ပြော

ကြံ့ဖွံ့ပါတီက ပြိုင်ဘက်ပါတီများကို အနိုင်ရခြင်းသည် ဥပဒေနှင့်မညီသည့် ကြိုတင်မဲများကြောင့် ဖြစ်သည်ဟု တစည ပါတီ၏ လက် ပံတန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးညွန့်တင်က ပြောသည်။ ကြိုတင်မဲကို မီးဖွားသူ၊ နာတာရှည် ရောဂါရှင်၊ အိပ်ရာထဲလဲနေသော သက်ကြီးရွယ်အို၊ ကိုယ်ရေပြားရောဂါရှင်၊ နယ်ဝေးသို့သွားပြီး တာဝန်ထမ်းရမည့်သူ၊ အချုပ်ကျ နေသူ များဖြစ်ကြောင်း၊ ကြံဖွံပါတီ လုပ်ရပ်သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၏ ကြိုတင်မဲများ နည်းနိုင် သမျှ နည်းရန် မှာကြားမှုနှင့်မကိုက်ညီ ဟုလည်း ဆိုသည်။
ရွေးကောက်ပွဲ သတင်းတို

နိုင်ငံခြားက မဲများနှင့် မန္တလေးမှာ ကြံ့ဖွံ့နိုင်

မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကျန်မာရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ကျော်မြင့်သည် နိုင်ငံခြားရောက် မြန်မာပြည်သူများထံမှ ရသည့် မဲများ ထပ်ပေါင်းခြင်းဖြင့် ၎င်းမဲဆန္ဒနယ်တွင် အနိုင်ရရှိသွားကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲ သတင်းတို

မိုးကုတ် တွင် ကြိုတင်မဲဖြင့် ကြံ့ဖွံ့နိုင်

မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာအတွက်  ကြံ့ဖွံ့ပါတီမှ ဦးဘဌေးက ကြိုတင်မဲများဖြင့် NDF ပါတီ၏ ကိုယ်စားလှယ်လောင်း ဦးသန်းဌေး(ခ) ဦးတိုးတိုး ကို အနိုင်ရသွားကြောင်း NDF ကိုယ်စားလှယ် ဦးစိုးမြင့်ကပြောသည်။ ပါတီ၂ ခု အကြားတွင် မဲအရေအတွက် တစ်သောင်းခန့် ကွာခြားကြောင်း၊ မြို့ပေါ်မဲရုံများတွင် အနိုင်ရရှိသော်လည်း ကြိုတင်မဲများကြောင့် ရှုံးနိမ့်သွားခြင်း ဖြစ်သည်ဟု သိရသည်။
ရွေးကောက်ပွဲ သတင်းတို

သန်လျက်စွန်းရေ တပ်မှာလည်း NDF ကို မဲပေးခွင့်မရှိ

ရန်ကုန် ဗိုလ်တထောင် မြို့နယ် သန်လျက်စွန်း အခြေစိုက် ရေတပ် စခန်းတွင် ပေးခဲ့သော ကြိုတင်မဲများကို ရေတွက် ချိန်တွင် မဲအများစုမှာ NDF ပါတီအတွက် ဖြစ်နေသည်ဆိုကာ အဆိုပါ မဲများကို ပယ်ဖျက်ပြီး ကြံ့ဖွံ့ပါတီ ကိုသာ မဲပေးရန် ညွှန်ကြား၍ မဲထပ်မံ ပေးစေသည်ဟု ရေ တပ် မိသားစုဝင် တဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

သာယာဝတီမှာလည်း ကြံ့ဖွံ့ မဲ မသမာမှုရှိ

ပဲခူးတိုင်း သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် နေရာအတွက် ကြံ့ဖွံ့ပါတီက ဦးမောင် မောင် နှင့် ဦးတင်စိုး တို့က ကျေးရွာများတွင် မဲလိမ်၊ မဲခိုးမှုများနှင့် အတင်းအကျပ် ကြိုတင်မဲပေးခိုင်းသည့်အတွက် အနိုင် ရရန် သေချာကြောင်း တစည ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစန်းလွင်က ပြောသည်။ အိုင်ဂလုံ၊ ကညင်တပင်၊ ဖားရွှေကျော်၊ သစ်ရာကုန်း၊ စည်ပင်၊ မြစ်ကျိုး၊ ကြို့ကုန်း စသည့် ကျေးရွာများတွင် မဲမသမာမှုများ ရှိသည့် အတွက် တိုင် ကြား ထားကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲဥပဒေ အရ ကန့်ကွက်တိုင်ကြားလျှင် အာမခံ ငွေ ကျပ် ဆယ်သိန်း အာမခံတင်ရမည်ဟု ပါရှိသည့် အတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

ကြံ့ဖွံ့မဲ ရလဒ်များကို ကန့်ကွက်မည်

ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ၏ မဲလိမ်မဲခိုးမှုများနှင့် ကြိုတင်မဲ များပြားသည့်အတွက် ဖြစ်ပေါ်လာမည့် ရွေးကောက်ပွဲ ရလဒ်ကို လက်ခံမည်မဟုတ်ဘဲ ဒီမိုကရေစီပါတီများ စုပေါင်းပြီး ကော်မရှင်တွင် ကန့်ကွက်သွားမည်ဟု ဒီမိုက ရက်တစ် ပါတီ(မြန်မာ)၏ အထွေထွေ အတွင်းရေးမှူး (၁) ဒေါ်ချိုချိုကျော်ငြိမ်းကပြောသည်။ ၎င်းသည် ပဲခူးတိုင်း အနောက်ခြမ်း ကြို့ပင်ကောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ ကြံ့ဖွံ့ ပါတီမှ ဦးသန့်ဇင်ကို ရှုံးနိမ့်ကြောင်း ထိုရလဒ်ကို လက်ခံမည်မဟုတ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

လိမ်မည်မှန်းသိဟု ဒီမိုကရက်တစ်ပါတီပြော

မဲလိမ်မဲခိုးမည်မှန်း သိသော်လည်း ရွေးကာက်ပွဲဝင်ရခြင်းမှာ ဒီမိုကရေစီ အခွင့်အရေးများ ရရှိမည်ဟု ထင်သည့်အတွက် ၀င်ရောက်ခြင်းဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနု ကပြောသည်။ “အမြဲတမ်းလိမ်လည် နေတဲ့သူတွေလေ၊ ဒါကြောင့် လိမ်နိုင်တယ်ဆိုတာတော့ သိပြီးသားပါ၊ မဲရုံထဲကို ကျမ မ၀င်ရဘူး၊ ဒါပေမယ့် ကြံ့ဖွံ့တွေက မဲရုံမှူး ဟန်ဆောင်ပြီးဝင်တယ်”ဟု ၎င်းကပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ကြံ့ဖွံ့ မသမာ၍ ရှုံးရခြင်းဟု တစည ပြော

ကြံ့ဖွံ့ပါတီ၏ မဲလိမ်မဲခိုး၊ ကြိုတင်မဲများကြောင့် မိမိတို့ တစည ပါတီ“၀က်ဝက်ကွဲအောင်” ရှုံးရခြင်းဖြစ်သည်ဟု ပြည်မြို့နယ် ပြည်သူ့လွှတ်တော် အတွက် ၀င်ရောက်ယှဉ်ပြိုင်သည့် ဦးသာထူး က ပြောသည်။ တစည ပါတီအနေဖြင့် ပြည်သူ့ လွှတ် တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်တွင် ကြံ့ဖွံ့ပါတီ ကို အပြတ်အသတ် ရှုံးနိမ့်ကြောင်း၊ ကြံ့ဖွံ့ ပါတီ ၏ ဥပဒေမဲ့မှုများကို တိုင်ကြားမည်ဖြစ်သည်ဟု ၎င်းကပြောသည်။
ရွေးကောက်ပွဲ သတင်းတို

နမ့်ခမ်းမှာ ကျားဖြူပါတီ မဲရုံကိုယ်စားလှယ် အနှင်ခံရ

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက် မဲရုံတွင် ယမန်နေ့က ကျားဖြူပါတီ၏ မဲရုံကိုယ်စားလှယ်ကို လုံခြုံ ရေး အကြောင်းပြကာ မဲရုံတွင်းမှ နှင်ထုတ်ခဲ့ကြောင်း သိရှိရသည်။ မဲရုံပိတ်ပြီးနောက် ကြံ့ဖွံ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ပန်းဆေး ကျော်မြင့်နှင့် မူဆယ် ခယက လူကြီးတချို့သည် ၎င်းတို့ ခေါ်ဆောင်လာသည့် တရုတ် လီရှော လူမျိုး ၁၇၀ ခန့်ကို ည ၈ နာရီ ထိုးခါနီးအထိ မဲပေးစေပြီး မဲရုံအပြင်ဘက်မှ လက်နက်ကိုင် တပ်ဖွဲ့များကို စောင့်ကြပ်စေခဲ့သည်။ နမ့်ခမ်းမြို့ခံ တဦး က ကြံ့ဖွံ့ပါတီ မဲရရှိမှုအခြေအနေ မကောင်းသောကြောင့် တရုတ် လီရှောများကို ခေါ်ဆောင်လာပြီး မဲ ပေးစေခြင်း ဖြစ်သည်ဟု ပြောဆိုသည်။
ရွေးကောက်ပွဲ သတင်းတို

ကြိုတင်မဲများ ကိုယ်တိုင် လုပ်ခဲ့သည်ဟု မဲရုံစောင့် တဦးပြော

ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် ၃၈ လမ်း မဲရုံမှ အဖွဲ့ဝင် တယောက်က ကြိုတင်မဲ ၄၀၀ ကို ၎င်းကိုယ်တိုင် ပြုလုပ် ခဲ့ကြောင်း၊ အလားတူ ပြုလုပ်ထား သည်များလည်း အများအပြား ရှိကြောင်း ထို့ကြောင့် တခြား မည်သည့် ပါတီများက မည်သို့ နိုင်သည် ဖြစ်စေ ကြံ့ဖွံ့ပါတီကို ယှဉ်နိုင်မည် မဟုတ်ကြောင်း ပြောဆို နေသည်ဟု မဲရုံ လေ့လာ စောင့်ကြည့်သူ တဦးက ပြောသည်။
Page 2 of 20

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်