ရွေးကောက်ပွဲ သတင်းတို
Saturday, 06 November 2010 13:34
ရန်ကုန် တိုင်း အင်းစိန် မြို့နယ်တွင် မဖြစ်မနေ မဲပေး ရမည် ဟု ဒေသခံ အာဏာပိုင် များ၊ ကြံ့ဖွံ့ဖွံ့ ပါတီဝင် များနှင့် စွမ်းအား ရှင်များက အိမ်တိုင်ရာရောက် လှုံ့ဆော်မှုများအပြင် အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်နေကြောင်း သတင်း ရရှိ သည်။ “ခင်ဗျားတို့ မဲ မပေးရင် ဒီမိုကရေစီ လုံးဝမရတော့ဘူး။ မပေး မနေရ။ အားလုံး လာကို လာရမယ် ဆိုပြီး အိမ်မှာ လာပြော တယ်။ ညက လည်း အသံချဲ့ စက်နဲ့ လိုက်အော် တယ်”ဟု အင်းစိန် မြို့ခံ တဦးက ပြောသည်။