ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ သတင်းတို

ရေနံချောင်း စက်မှုဇုန်မှာ NLD မဲမပေးရေး လှုပ်ရှား

ရေနံချောင်းမြို့နယ် NLD အဖွဲ့ဝင် ၃၀ ခန့်က “မဲမပေးရေး” စာတန်းပါ တီရှပ်များ ၀တ်ဆင်ပြီး ရေနံ ချောင်းမြို့စက်မှုဇုန် ရပ်ကွက်အတွင်း လှည့်လည်လမ်းလျှောက်သည့် လှုပ်ရှားမှုတခု ယနေ့ ပြုလုပ်သည်ဟု သတင်း ရသည်။ အဆိုပါ အဖွဲ့ကို မကွေးတိုင်း NLD စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေး ဦးဆောင်ကြောင်း၊ တီရှပ်အရှေ့ပိုင်း၌ ဒေါ်အောင်ဆန်း စုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့ ၃ ဦး၏ ဓာတ်ပုံများနှင့် နောက်ကျောတွင် မဲမပေးဘဲ နေပိုင်ခွင့်ရှိသည် ဆိုသည့် စာသားပါရှိ ကြောင်း၊ စက်မှုဇုန်အတွင်းရှိ အလုပ်သမားများကို စည်းရုံးရန်အတွက် သွားရောက်ခြင်း ဖြစ်ကြောင်း ရေနံချောင်းမြို့ခံ NLD လူငယ် တဦးက ပြောသည်။ ယခုလှုပ်ရှားမှုကို ရေနံချောင်းမြို့နယ် အာဏာပိုင်များက စောင့်ကြည့်မှုများ ရှိကြောင်းသိရသည်။
ရွေးကောက်ပွဲ သတင်းတို

ရန်ကုန်တိုင်း မြို့နယ်တချို့ ညမထွက်ရ

ရွေးကောက်ပွဲ အကြိုကာလ ရန်ကုန်တိုင်း အတွင်း မြို့နယ် တချို့၌ ည ၉ နာရီ နောက်ပိုင်း အပြင် မထွက်ရန်နှင့် စစ်ဆေး မေးမြန်းခြင်း ခံရမည် ဖြစ်ကြောင်း ယမန်နေ့ညတွင် သက်ဆိုင်ရာ အာဏာပိုင်များက စပီကာဖြင့် လိုက်လံကြေညာသည်ဟု ဒေသခံများက ပြောသည်။ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ် အနောက်ပိုင်း၊ တာမွေ၊ ကျောက်မြောင်းနှင့် မင်္ဂလာဒုံ မြို့နယ်များတွင် ကြေညာခြင်း ဖြစ် ကြောင်း သိရသည်။ ထို့အပြင် ညဘက်ဖွင့်သော လက်ဖက်ရည်ဆိုင်များ၊ အင်တာနက် ကဖေး ဆိုင်များနှင့် ဗီဒီယိုရုံများကိုလည်း ည ၈ နာရီ တွင် ပိတ်ရန် အာဏာပိုင်များက အကြောင်းကြားထားကြောင်း လုပ်ငန်းရှင်များက ပြောပြသည်။ အောက်တိုဘာ နောက်ဆုံးပတ်က စ၍ ရန်ကုန်မြို့တွင်း လူစည်ကားရာ နေရာများ၌ လုံခြုံရေးချထားပြီး ရဲ နှင့် လုံထိန်းများ ပါသော လုံခြုံရေးကားများလည်း လှည့်လည်လျက် ရှိကြောင်း သိရသည်။
ရွေးကောက်ပွဲ သတင်းတို

အဆိုတော် ရသ NDF မဲရုံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည်

အဆိုတော် ရသသည် အမျိုးသား ဒီမိုရေစီ အင်အားစု ပါတီ (NDF) ၏ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းညွှန့်အတွက် မဲရုံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည်  ဖြစ်ကြောင်း ယနေ့ထုတ် ပေါ်ပြူလာ သတင်းဂျာနယ်တွင်ဖော်ပြထားသည်။
ရွေးကောက်ပွဲ သတင်းတို

သန်လျင်တွင် ကြံ့ဖွံ့ ကြိုတင်မဲကောက်ယူ

သန်လျင်မြို့နယ် မြို့မတောင် ရပ်ကွက်အတွင်းရှိ သက်ကြီး ရွယ်အိုများ ငွေကြေး ချို့တဲ့သူများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲဝင်မည့် ဆန်ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌဟောင်း ဦးအောင်သန်းဦးက တဦးလျှင် ဆီ ၃ ပိဿာမှ ၅ ပိဿာ နှင့် ငွေကျပ် ၁၀၀၀၀ စီပေးပြီး ကြိုတင်မဲများ ကောက်ယူနေကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲ သတင်းတို

ဒေါ်လာဈေးပြန်တက်

လွန်ခဲ့သည့် တပတ်က ၁ ဒေါ်လာ ပေါက်ဈေးမှာ ၈၈၀ ကျပ်မှ ၈၉၀ ကျပ် ဝန်းကျင်သာ ရှိသော်လည်း ယနေ့ ၉၀၈ ကျပ်အထိ ဈေးတက် သွားကြောင်း သတင်းရရှိသည်။ ငွေကြေးပိုလျှံသူ အများစုမှာ ဒေါ်လာ ဝယ်ယူစုဆောင်းလာကြကြောင်း၊ ရွေးကောက်ပွဲအပြီး နောက်ပိုင်း ဒေါ်လာဈေးများ ထပ်မံတက်ဖွယ်ရှိသဖြင့် တက်ဈေးဖြင့်ပြန်လည် ရောင်းချကြလိမ့်မည်ဖြစ်ကြောင်း၊ FEC ဈေးနှုန်းမှာလည်း တယူနစ်လျှင် ၇၉၀ ကျပ်မှ ယခု ၈၁၀ အထိ တက်သွားကြောင်း ဒေါ်လာရောင်းဝယ်သူတို့က ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ကြိုးဖုန်း နယ်အဝေး ခေါ်ဆိုခဈေးတက်

အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) ခေါ်ဆိုခကို ယခင်က ၁ မိနစ်လျှင် ၁၅ ကျပ်နှုန်းဖြင့် မြို့တွင်းနှင့် နယ်အဝေး ဈေးနှုန်းတမျိုးတည်း သတ်မှတ်ထားရာမှ ယမန်နေ့ကစတင်၍ ဂဏန်း ၆ လုံးကျော် ခေါ်ဆိုလျှင်
ရွေးကောက်ပွဲ သတင်းတို

အငြိမ့်ကပြီး ကြံ့ဖွံ့ မဲဆွယ်ဦးမည်

မန္တလေးမြို့နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က ကျန်ရှိနေသည့် ရွေးကောက်ပွဲ အကြိုကာလ ရက်များတွင် အနုပညာရှင်များကို အသုံးပြု၍ မဲဆွယ်စည်းရုံးမှု ပြုလုပ်သွားမည်ဟု
ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲကာလ ရွှေဈေးတည်ငြိမ်ရန် ရွှေလုပ်ငန်းရှင်များကို သတိပေး

ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလအတွင်း ရွှေဈေးနှုန်းများ တည်ငြိမ်စွာ ရှိနေစေရေးအတွက် ရွှေလုပ်ငန်းရှင်များအသင်းကို အာဏာပိုင်များက ယနေ့ မွန်းလွဲ ၁ နာရီတွင် အစည်းအဝေး ခေါ်ယူ ကျင်းပစေခဲ့ကြောင်း
ရွေးကောက်ပွဲ သတင်းတို

မှားယွင်းမှုများနှင့် မိုင်းရှုး မဲစာရင်း

ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်၌ မဲစာရင်းများ ထုတ်ပြန်ရာတွင် သက်ဆိုင်ရာ မိသားစုဝင်များ၏ အမည်၊ မှတ်ပုံတင် နံပါတ် များကို သက်ဆိုင်ရာက မှားယွင်းစွာ ထုတ်ပြန်မှုများရှိကြောင်း ဒေသခံများက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ချောက်မှာ ပယ်မဲလုပ်နည်း လေ့လာ

ချောက်မြို့နယ်ရှိ ဒေသခံများက မြို့နယ်အတွင်း ၀င်ရောက် အရွေးခံမည့် ပါတီများမှ အရွေးချယ်ခံမည့် အမတ် လောင်း တဦးကိုမှ မဲပေးရန် ဆန္ဒမရှိသဖြင့် ပယ်မဲပေးရမည့် နည်းလမ်းများကို တတ်ကျွမ်း နားလည်သူ
ရွေးကောက်ပွဲ သတင်းတို

ဇီးကုန်း ကြံ့ဖွံ့ ဒီမိုကရက်တစ်ကို ရန်လို

ဇီးကုန်းမြို့နယ် အရှေ့ခြမ်း တိုင်းဒေသကြီး လွတ်တော်အတွက် ၀င်ရောက် အရွေးခံမည့် ဒီမိုကရက်တစ် ပါတီ(မြန်မာ) အမတ် ဦးချိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၃၀ ခန့်က ရန်ပြုရန် ယမန်နေ့က
ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲကာလ ဗုံးခွဲမည်ဟု သတင်းလွှင့်၍ လုံခြုံရေးတိုးမြှင့်

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရွေးကောက်ပွဲ ကာလအတွင်း ဗုံးဖောက်ခွဲရန် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ အဖျက်သမားများ စေလွှတ်ထားသည်ဟု အာဏာပိုင်များက သတင်းလွှင့်၍ လုံခြုံရေး တိုးမြှင့်ထားကြောင်း
Page 18 of 20

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်