ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ သတင်းတို

ကြံ့ဖွံ့နိုင်လျှင် ၅ သိန်းပေးမည်

ရန်ကုန်တိုင်း သန်လျင်မြို့နယ် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်း၊ ဆန်ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက မဲဆန္ဒနယ်ရှိ ကျေးရွာများကို ကြံ့ဖွံ့ပါတီ ၉၀ % နိုင်လျှင် ၅ သိန်း၊ ၇၅ % နိုင်လျှင် ၄ သိန်းပေးမည်ဟု ပြောကြောင်း၊ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များကိုလည်း ၁ သိန်းစီ ပေးမည်ဟု ပြောကြောင်း သတင်းရရှိသည်။
ရွေးကောက်ပွဲ သတင်းတို

သတင်းထောက်အဖွဲ့တွင် ထောက်လှမ်းရေးများ ထည့်သွင်း

စစ်အစိုးရ အစီအစဉ်ဖြင့် တိုင်းနှင့် ပြည်နယ်များရှိ မြို့နယ် ၁၈ ခုတွင် သွားရောက် သတင်းယူသည့် ပြည်တွင်း၊ ပြည်ပ သတင်းထောက်များနောက်သို့ နယ်မြေခံ စရဖနှင့် ထောက်လှမ်းရေးများက မြန်မာသတင်းစဉ် အမည်ခံ၍ လိုက်ပါပြီး သတင်းထောက်များ မေးမြန်းသမျှကို မှတ်တမ်းတင်နေကြောင်း လိုက်ပါသွားသူ သတင်းထောက် တဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

မင်္ဂလာဒုံ ဗိုလ်ရွေးအဖွဲ့ ကြံ့ဖွံ့ ကြိုတင်မဲပေး

မင်္ဂလာဒုံမြို့နယ် ငွေယားတောင် ဗိုလ်ရွေးအဖွဲ့ရှိ တပ်မတော်သားများထံမှ ကြိုတင်မဲများကို ပြီးခဲ့သည့် လကတည်း က ကောက်ယူ ခဲ့ပြီး ဖြစ်ကြောင်း သတင်းရသည်။ ထိုကြိုတင်မဲများကို ရုံးပိုင်းဆိုင်ရာ တာဝန်ကျ အရာရှိ တဦးတည်းကသာ အားလုံး ကိုယ်စား ကြံ့ဖွံ့ ပါတီ ကို မဲ ပေးရခြင်း ဖြစ်သည် ဟု အဆိုပါ ဗိုလ်ရွေး အဖွဲ့ရှိ အရာရှိ တဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ရွေးကောက်ပွဲ ဆန့်ကျင် တိုက်ပွဲဝင်ရန် ALP လှုံ့ဆော်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရွေးကောက်ပွဲ ဆန့်ကျင်ပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)နှင့် အတူ တိုက်ပွဲ ၀င်ရန် လှုံ့ဆော်စာများ လူစည်ကားရာ နေရာများတွင် ကပ်ထားကြောင်း သတင်းရသည်။ “၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြ၊ ရွေးကောက်ပွဲဟာ ရခိုင်ပြည်သူတွေအတွက် အကျိုးမရှိဘူး။ ရခိုင်ပြည် လွတ်မြောက်ရေး အတွက် ALP နဲ့ လက်တွဲပြီး လက် နက် ကိုင် တိုက်ပွဲဝင်ကြ ဆိုပြီးတော့ ရေးထားတယ်။ လိုက်ဖြုတ်တော့ အခု နေ့လယ်မှာ မရှိတော့ဘူး”ဟု ဒေသခံက ပြောသည်။ ALP သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ နယ်စပ်တလျှောက်တွင် အခြေချ၍ လက်နက်ကိုင် လှုပ်ရှားနေသော အဖွဲ့တခုဖြစ်သည်။
ရွေးကောက်ပွဲ သတင်းတို

တနိုင်ငံလုံး လျှပ်စစ်မီးရမည်ဆိုပြီး မဲဆွယ်

စစ်အစိုးရက အမျိုးသား စွမ်းအင် ဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် ရွေးကောက်ပွဲပြီး နောက်ပိုင်း တနိုင်ငံလုံး လျှပ်စစ်မီး ပေးမည် ဟု ပြောဆိုသည်မှာ လိမ်လည် ခြင်းသာ ဖြစ်ကြောင်း၊ ၎င်းတို့ ဆက်လက် အုပ်ချုပ်ရေး အတွက် မဲဆွယ်ခြင်း ဖြစ်ကြောင်း ပြည် ပ အခြေစိုက် ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့က ကြေညာချက် တစောင် ထုတ်ပြန်သည်။ မြန်မာ နိုင်ငံ ၏ လျှပ်စစ် စွမ်းအင် ထုတ်လုပ် နိုင်သည့် ပမာဏမှာ ၂၈၄၈ မဂ္ဂါဝပ် ဖြစ်ကြောင်း၊ မြန်မာ လူထု ၏ ၈၀ ရာနှုန်းမှာ လျှပ်စစ် မီး မရရှိကြောင်း ယမန် နေ့ က ကြေညာ ချက် တွင် ပါရှိ သည်။
ရွေးကောက်ပွဲ သတင်းတို

တောင်ဥက္ကလာ၌ မဲရုံ ကိုယ်စားလှယ်များ နုတ်ထွက်

ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ် တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာ စောအောင်၏ မဲရုံ ကိုယ်စားလှယ် ၃ ဦး ယနေ့ ထပ်မံ နုတ်ထွက်သွားကြောင်း သိရသည်။ “အခု မဲရုံမှာ စောင့်ပေးဖို့ ကိုယ်စားလှယ် လိုက်ရှာနေတယ်၊ ကျနော့်ကို ပြောတာက မဲရုံ ကိုယ်စားလှယ် အဖြစ် တာဝန်ယူ ဆောင်ရွက် ပေးရင် ကျနော် ဘ၀ပျက် သွားပါလိမ့်မယ် ဆိုပြီး နုတ်ထွက် သွားတဲ့ တယောက်က ပြောသွားတယ်” ဟု ဒေါက်တာ စောအောင် က ပြော သည်။ ယမန်နေ့ ကလည်း တဦး နုတ်ထွက် ခဲ့သဖြင့် ယခု အခါ နုတ်ထွက်သူ ၄ ဦး ရှိပြီ ဖြစ်သည်။
ရွေးကောက်ပွဲ သတင်းတို

စစ်တွေ ဒေသခံများ ကြံ့ဖွံ့ပဲ မဲပေးရမည်

ရခိုင်ပြည်နယ် စစ်တွေမြို့ ကျောင်းကြီးလမ်း ရပ်ကွက်သူ ရပ်ကွက်သားများက ကြိုတင်မဲပေးရာတွင် ကြံ့ဖွံ့ပါတီကိုသာ မဲပေးရမည် ဖြစ်ကြောင်း ရယက ဥက္ကဌက ယမန်နေ့က ပြောကြားခဲ့ကြောင်း စစ်တွေ မြို့ ဒေသခံတဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ကပစ-၃ စစ်သည်များ ကြိုတင်မဲပေး

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဆင်တဲရှိ ကပစ-၃ ရှိ မဲပေးနိုင်သည့် စစ်သည် များနှင့် မိသားစုဝင် များ၏ ကြိုတင်မဲ များကို ယမန် နေ့က စက်ရုံ တာဝန်ရှိသူ များက လာရောက် ကောက်ခံ ခဲ့ကြောင်း သိရ သည်။ ထိုသို့ကြိုတင်မဲ ကောက်ယူရာတွင် ယင်း စစ် သည် ၀န်ထမ်းများ အနေဖြင့် မဲလက်မှတ်ပေါ်တွင် မည်သည့် အမှတ်အသားကိုမှ ရေး ခြစ်ခြင်း မလုပ်ရဘဲ မဲပေးပြီး ကြောင်း လက်မှတ်ကိုသာ ထိုးပေးလိုက်ရ သည်ဟု ၀န်ထမ်း မိသားစုဝင် တဦးက ပြောသည်။
ရွေးကောက်ပွဲ သတင်းတို

ချမ်းမြသာစည်မှာ ကြံ့ဖွံ့ ကြိုတင်မဲယူ

မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ် သံလျှက်မှော် ရပ်ကွက်တွင် ကြံ့ဖွံ့ ပါတီ ၀င်များနှင့် ရယက များက တအိမ် တက်ဆင်း ယမန်နေ့မှ စ၍ ကြိုတင်မဲများ ကောက်ခံ နေကြောင်း သတင်းရ သည်။ အိမ်ထောင်စု စာရင်း တွင် မဲပေး နိုင်သူ စာရင်း ကောက်ခံပြီး ကြိုတင်မဲ အတွက် လက်မှတ် ထိုးခိုင်း ကြောင်း၊ မဲ မပေးလျှင် ခြိမ်းခြောက်မှု တစုံတရာ မရှိပါ ကြောင်း ဒေသခံ များ က ပြော သည်။
ရွေးကောက်ပွဲ သတင်းတို

ချင်းပြည်နယ် ကြံ့ဖွံ့ ဥပဒေမဲ့ မဲဆွယ်

ချင်းပြည်နယ် ထန်တလန် မြို့နယ်တွင် ဥပဒေနှင့် မညီသည့် ကြံ့ဖွံ့ပါတီ ၏ မဲဆွယ် စည်းရုံးမှု များကို ချင်း အမျိုးသား ပါတီ (CNP) က ပြီးခဲ့သည့် အင်္ဂါနေ့ တွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် သို့ ကန့်ကွက်စာ တင်ခဲ့သောကြောင့် ကြံ့ဖွံ့ပါတီ၏ မဲဆွယ် စည်းရုံး ရေး လုပ်ငန်းများ ရပ်ထား ရသည် ဟု သတင်း ရရှိ သည်။
ရွေးကောက်ပွဲ သတင်းတို

ကြံ့ဖွံ့မဲပေးမှ ငြိမ်းချမ်းမည်ဟု ရထားဝန်ကြီးပြော

ကြံ့ဖွံ့ပါတီကို မဲပေးမှ တိုင်းပြည်ငြိမ်းချမ်းမည်ဟု တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မီးရထား ၀န်ကြီး  ဦးအောင်မင်းက ကျောက်တံခါးမြို့နယ်ရှိ ဟိန္ဒူလူမျိုးများကို ပြီးခဲ့သည့် ရက်ပိုင်းက မဲဆွယ်ပြော ကြောင်း သတင်းရသည်။ မိမိတောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးလုပ်ခဲ့စဉ်က ပေါ်တာမဆွဲ၊ လုပ်အားပေး မခေါ်ကြောင်း၊ ကြံ့ဖွံ့ပါတီ ကို မဲ ပေးမှသာ တိုင်းပြည် အတွက် စီမံကိန်း ကောင်း များကို ဆက်လက် လုပ်ဆောင် သွားနိုင်မည် ဖြစ်သည်ဟု ပြောကြောင်း ဒေသခံ ဟိန္ဒူ လူမျိုး တဦးက ပြော သည်။
ရွေးကောက်ပွဲ သတင်းတို

မတရားလျှင် PDP ကိုယ်စားလှယ် နုတ်ထွက်မည်

ဘိုကလေးမြို့နယ်ရှိ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (PDP) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန္ဒာဦးက ကြံ့ဖွံ့ပါတီအနေဖြင့် မတရားဆက်လုပ်နေလျှင် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီး တရားစွဲဆိုမည်ဟု သတင်းရရှိသည်။
Page 9 of 20

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်