လိုအပ်လျှင် DKBA ကိုကူမည်ဟု KNU ပြော

Monday, 08 November 2010 18:57 တိုက်ပွဲ သတင်းတို
Print
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စစ်အစိုးရတပ်နှင့် DKBA တပ်ဖွဲ့ ၀င်များ ယနေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့် ပတ်သက်၍ အကူ အညီ လိုပါက DKBA ဘက်မှ ကူ၍ တိုက်ရန် အသင့်ရှိကြောင်း ကရင် အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၆ ဗိုလ်ကြီး စောထဲနေ က ဧရာဝတီသို့ ပြောသည်။ “ကရင်အမျိုးသား အချင်းချင်းဖြစ်တော့ နအဖက ဒီလိုလုပ်လာလို့ရှိရင်တော့ လိုအပ်ရင် အကူ အညီပေးရမှာပဲ”ဟု ၎င်းက ဆိုသည်။