လောင်စာဆီဈေး အဆမတန်မြင့်တက်

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များနှင့် ပြင်ပမှောင်ခိုဈေးကွက်တွင် စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက် သွားကြောင်း သတင်းရရှိသည်။ ယခင် ဒီဇယ် တဂါလန် ၃၀၀၀ ကျပ်နှင့် ရောင်းချနေရာမှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တဂါလန် ကျပ် ၄၀၀၀ နှုန်း၊ အော့တိန်းဆီတဂါလန် ကျပ် ၂၉၀၀ မှ ယခု ကျပ် ၃၆၀၀ ကျပ်အထိလည်းကောင်း တရားဝင် ဈေးနှုန်းများ ထိုးတက်သွားသည်။ အစိုးရသတ်မှတ်ဈေး တဂါလန် ကျပ် ၂၅၀၀ ဖြင့် ရောင်းချနေသော ဓာတ်ဆီသည် မှောင်ခိုဈေးကွက်တွင် ၃၈၀၀ ကျပ်အထိ ဈေးထိုးတက်သွားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်