အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း ဇွန်လ ပထမပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရသည်။ ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ပြီး သမ္မတ ဦးသိန်စိန်နှင့်လည်း တွေ့ဆုံရန်မျော်လင့်ထားသည်ဟု သတင်းများတွင် ရေးသားထားသည်။ ဗီယက်နမ်စစ်ပြန် တဦးဖြစ်သည့် ဂျွန် မက်ကိန်းသည် မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုကို ထောက်ခံသူ တဦး ဖြစ်သည်။