ရော့စ် ဒန်ကလေအမှု ပြတ်ပြီ

မြန်မာတိုင်းမ် ဂျာနယ် CEO မစ္စတာ ရော့စ် ဒန်ကလေအား မခိုင်ဇာလင်းကို သာမန်နာကျင်စေမှုအတွက် ထောင်ဒဏ် ၁ လ၊ လူဝင်မှု ကြီးကြပ်ရေး (လဝက) ဥပဒေ အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ (၁၃/ ၁) အရ ထောင်ဒဏ် ၆ လ (သို့မဟုတ်) ဒဏ်ငွေ ကျပ် ၁ သိန်း ပေးဆောင်ရန် ကမာရွတ်တရားရုံးက ယနေ့ အမိန့်ချမှတ်လိုက်သည်။ မစ္စတာ ရော့စ် ဒန်ကလေသည် ချုပ်ရက် ၄၄ ရက် ကျခံထားပြီးဖြစ်သောကြောင့် မခိုင်ဇာလင်းကို နာကျင်စေမှုဖြင့် ထောက်ဒဏ် ကျခံစရာ မလိုတော့ဘဲ လဝက အမှုအတွက် ကျပ် ၁ သိန်း ဒဏ်ငွေပေးဆောင်လိုက်ခြင်းဖြင့် အမှုပြီးပြတ်သွားပြီဖြစ်ကြောင်း သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်