ရွှေဆိုင် ဓားပြတိုက်မှု တဦးသေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကမ်းနီကျေးရွာရှိ ရွှေဆိုင် ၂ ဆိုင်ကို လက်နက်ကိုင် ဓားပြသုံးဦးက ဇူလိုင်လ ၉ ရက်နေ့တွင် လုယက်ခဲ့ရာမှ အမျိုးသမီးတဦး သေနတ်ထိမှန် သေဆုံးခဲ့သည်။ နိုင်ထွန်းဝင်းရွှေဆိုင်မှ ရွှေ ၅၀ ကျပ်သားနှင့် မနန်းမြ ရွှေဆိုင်မှ ရွှေ ၂၅၀ ကျပ်သား ဓားပြတိုက်ခံရပြီးနောက် မနန်းမြက အော်ဟစ်သဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။ ဓားပြတဦးကို ယမန်နေ့က ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာ ရဲစခန်းက ပြောသော်လည်း အသေးစိတ်ကို မသိရသေးပေ။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်