ဖူးခက်တွင် ကျောင်းမနေနိုင်သည့် မြန်မာကလေးငယ် ၃ သောင်းရှိမည်ဟု ခန့်မှန်း

ထိုင်းနိုင်ငံ ဖူးခက်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သားမိသားစုများမှ ကျောင်းမနေနိုင်သော ကလေးငယ်မှာ ၃ သောင်းအထိ မြင့်တက်နေဖွယ်ရှိကြောင်း အာဏာပိုင်များက ခန့်မှန်းသည်ဟု ဖူးခက်ဝမ် ခရီးသွားသတင်းစဉ်တွင် ဖော်ပြထားသည်။ ဖူးခက်ရှိဆေးရုံတခုက ယခုနှစ်တွင် တလလျှင် မြန်မာရွှေ့ပြောင်းလုပ်သားစုမှ မိခင် ၅၀ မှ ၆၀ အထိ လာရောက် မီးဖွားကြပြီး ယမန်နှစ်ကထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ပြောထားသည်။ ဖူးခက်တွင် တရားဝင်နှင့် တရားမဝင် နေထိုင်သူ မြန်မာ ၁ သိန်းမှ ၂ သိန်းအထိ ရှိနိုင်ပြီး ၃ သောင်းမှာ ကလေးငယ်များဖြစ်သည်ဟု ခန့်မှန်းထားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်