ထိုင်းတွင် မြန်မာနှင့် လာအို အမျိုးသမီး ၇၀ ကို ကယ်တင်

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ကာရာအိုကေနှင့် အနှိပ်ခန်းတခုကို ထိုင်းရဲများက ဝင်ရောက်စီးနင်းပြီးနောက် အမျိုးသမီးနှင့် မိန်းကလေး ၇၀ ဦးကို ကယ်တင်လိုက်ကြောင်း သိရသည်။ ဇူလိုင်လ ၂၉ ရက်နေ့ စီးနင်းမှု အပြီးတွင် အမျိုးသမီး ၄၁ ဦးသည် လိင်ဖျော်ဖြေရေးအတွက် အဓမ္မစေခိုင်းခံရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ပြန်လွှတ်ပေးလိုက်သည်။ ကျန် ၂၉ ဦးမှာမူ ဆန္ဒအလျှောက် ထိုအလုပ်ကို လုပ်ကြောင်း ဝန်ခံသဖြင့် ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်ပေးလိုက်သည်။ လူကုန်ကူးခံရသူ အမျိုးသမီးများတွင် အသက် ၁၈ နှစ်အောက်များလည်း ပါဝင်သည်ဟု အာဏာပိုင်များက ပြောသည်။ သံသယရှိသည့် ထိုင်း ၃ ဦး၊ မလေးရှားသားတဦးနှင့် စင်ကာပူနိုင်ငံသား တဦးတို့ကို ဖမ်းဆီးထားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်