စစ်တွေကျောင်းသားများ ဆန္ဒပြ

ရခိုင်ပြည်နယ်၊ စစ်တွေ တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၄၀၀ နီးပါးသည် ကျောင်းကြိုပို့ကားခများ ကျဆင်းရေးအတွက် ယနေ့၊ နေ့လယ် ၁ နာရီမှ ၃ နာရီထိ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။ အသွား ကျပ် ၁၀၀၊ အပြန် ကျပ် ၁၀၀ နှုန်း သတ်မှတ်ထားသော ကျောင်းကားခကို   မကြာသေးခင်က ၃၀၀ အထိ တိုးမြှင့်လိုက်သဖြင့် ကျောင်းသားများ မကျေမနပ် ဖြစ်ကြကြောင်း ဒေသခံ တချို့က ဆိုသည်။ တက္ကသိုလ်မှ လမ်းလျှောက်လာသူများသည်  စစ်တွေမြို့ကို လှည့်လည်ကြပြီး မြို့တော်ခန်းမတွင် ဆန္ဒပြမှု အဆုံးသတ်ခဲ့ကြကြောင်း၊ ၎င်းတို့ထံ  ပြည်နယ်ဝန်ကြီးချုပ် သွားရောက်ပြီး တောင်းဆိုချက်အား လိုက်လျောပေးမည်ဟု ကတိပေးလိုက်သဖြင့် ဆန္ဒပြမှုကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်