အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကို မြန်မာသို့ ဖိတ်

၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးကို မြန်မာနိုင်ငံက ယူရေး မယူရေးနှင့် ပတ်သက်၍ အကဲဖြတ်ရန် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ဦးဆောင်သော ကိုယ်လှယ်အဖွဲ့အား မြန်မာနိုင်ငံသို့ လာရောက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်စာပေးပို့ထားကြောင်း သိရသည်။ မည်သည့်အချိန်တွင် သွားရောက်မည် ဆိုသည်ကိုမှု ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကို ကိုးကား၍ VOA သတင်းတပုဒ်တွင် ဖော်ပြထားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်