ဇေယျာသော် သီချင်းမဆိုရ

နာရေးကူညီမှုအသင်း (ရန်ကုန်) မှ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ဦးစီးဖွင့်လှစ်သည် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေပွဲအတွက် စင်တင်ဂီတပွဲတွင် လူငယ် ဟစ်ဟော့ပ် အဆိုတော် ဇေယျာသော်ကို ပါဝင်သီခွင့်မပြုကြောင်း သိရသည်။ ရန်ပုံငွေပွဲပျက်မည်စိုး၍ သူပါဝင် မသီဆိုပါဟု စီစဉ်သူများက လက်မှတ်ထိုးခဲ့ရကြောင်း ဇေယျာသော်က ဧရာဝတီသို့ ပြောသည်။ ၂၀၀၈ ခုနှစ်တွင် ဇေယျာသော်ကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လွှတ်ငြိမ်းချမ်းသာခွင့်နှင့် ယခုနှစ် မေလတွင် ပြန်လည် လွှတ်မြောက်လာခဲ့သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်