အောင်ဆန်းဂျာမွန်း စာဖတ်ခန်းများ ဖွင့်လှစ်

ယနေ့ ပြုလုပ်သည့် ပဲခူးနေ့ချင်းပြန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အောင်ဆန်းဂျာမွန်း အမည်ရှိ စာဖတ်ခန်း ၂ ခုကို ဖွင့်လှစ်ပေးလိုက်သည်။
နံနက် ၁၁ နာရီခွဲခန့်က ပဲခူးမြို့ အောင်ဆန်းဂျာမွန်း စာဖတ်ခန်းဖွင့်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိသွားပြီး ဖွင့်ပွဲရှိ ရာနှင့်ချီသော ဒေသခံတို့ကို မိန့်ခွန်းပြောခဲ့သည်။
နံနက် ၁၀ နာရီခန့်ကလည်း အနီးရှိ သနပ်ပင်မြို့နယ်သို့သွားရောက်ပြီး အောင်ဆန်းဂျာမွန်း စာဖတ်ခန်းဖွင့်ပွဲသို့ တက်ရောက်ကာ ဒေသခံ ၃၀၀ ခန့်ကို ၁၅ မိနစ်ခန့် မိန့်ခွန်းပြောသည်။
ခရီးစဉ်တလျှောက် အာဏာပိုင်တို့က လမ်းရှင်းလင်းရေး လုပ်ဆောင်ထားသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း အဆင်ပြေစွာ သွားလာနိုင်သည်ဟု သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်