ဒေါ်အောင်ဆန်းစုကြည် ပဲခူးသို့ရောက်ရှိ

အကျယ်ချုပ်မှလွတ်မြောက်ပြီး ပထမဦးဆုံး နိုင်ငံရေးခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၈ နာရီခန့်က ပဲခူးမြို့သို့ ရောက်ရှိသွားသည်။
ပဲခူး ရွှေမောဓောစေတီကို သွားရောက် ဖူးမြော်ပီး သာသနာ့မဏ္ဍိုင်ကျောင်းတိုက်တွင် ဝါဆိုသင်္ဃန်း ကပ်လှူသည်။
ပဲခူး နေ့ချင်းပြန် ခရီးစဉ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦး၊ NLD အဖွဲ့ဝင်များ၊ စာနယ်ဇင်းသမားများ ရန်ကုန်မှ လိုက်ပါသွားကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းတွင် ကားအစီး ၂၀ ကျော် ပါဝင်သည်ဟု သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်