ဘုရားကျောင်းဝင်းမှ မိုင်းများ ဖယ်ရှားပေးရန် မေတ္တာရပ်ခံ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကဇူးကျေးရွာရှိ ဘုရားကျောင်းဝင်းတွင် ခလရ (၅၈) နှင့် ခမရ (၃၁၈) တို့က မိုင်းများထောင်ထားသဖြင့် ဖယ်ရှားပေးပါရန် အာဏာပိုင်များသို့ စာပေးပို့၍ မေတ္တာရပ်ခံထားသည်။ သြဂုတ် ၂၆ ရက်နေ့ နေ့စွဲဖြင့် ပေးပို့သော ယင်းစာတွင် စစ်ကြောင်းက ဘုရားကျောင်း အနီးတဝိုက်၊ စာသင်ကျောင်းဝင်း၊ ရွာလမ်းကြား၊ တောင်ယာသွားလမ်းများတွင် မိုင်းများထောင်ထားသည်ဟု ပြောကြောင်း ဖော်ပြထားသည်။ မေတ္တာရပ်ခံစာကို တိုင်းမှူး၊ သာသနာရေးဝန်ကြီးနှင့် ခလရ (၅၈)၊ ခမရ (၃၁၈) စသည်တို့သို့ လိပ်မူထားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်