လွှတ်တော်ဆိုင်ရာ ကော်မတီ ၁၉ ခု အဖွဲ့ဝင်စာရင်း ထုတ်ပြန်

လွှတ်တော်ဆိုင်ရာ ကော်မတီ ၁၉ ခုတွင် ပါဝင်မည့် အဖွဲ့ဝင်စာရင်းကို ယမန်နေ့က အောက်လွှတ်တော်တွင် အတည်ပြု ဆုံးဖြတ်သည်။ ကော်မတီ ဥက္ကဋ္ဌများမှာ ယခင်က သက်ဆိုင်ရာ ဝန်ကြီးဌာနများကို ကိုင်တွယ်ခဲ့သော ဗိုလ်ချုပ်ဟောင်းများနှင့် ဝန်ကြီးဟောင်းများသာဖြစ်ကြောင်း တွေ့ရသည်။ တိုးချဲ့ဖွဲ့စည်းသည့် ကော်မတီ ၁၉ ခုတွင် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ စသည်တို့ ပါဝင်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်