အရက်ဟု ထင်ရသော အရည်သောက်မိ၍ ၆ ဦးသေ

ဧရာဝတီတိုင်း လပွတ္တာခရိုင် ပြင်စလူမြို့နယ် အမတ်ကြီးကျေးရွာအနီးတွင် မြစ်ထဲမျောလာသည့် ပလတ်စတစ်ပုံးအတွင်းပါ အရည်များကို အရက်ဟု ယူဆပြီး သောက်သုံးမိသူ ၆ ဦးသေဆုံးပြီး ၃၂ ဦး သုံးမိုင်ဆေးရုံတွင် အရေးပေါ်တင်ထားရကြောင်း အဆိုပါဆေးရုံမှ စုံစမ်းသိရသည်။ ယင်းမျောလာသည့် ပလတ်စတစ်ပုံးကို သြဂုတ်လကုန်တွင် အရက်ဆိုင်တဆိုင်က ဝယ်ယူပြီး ပြန်လည် ရောင်းချရာမှာ စက်တင်ဘာ ၂ ရက်နေ့တွင် ၂ ဦး စသေကြောင်း၊ နောက်ရက်များတွင် ဆက်တိုက် သေဆုံးရာမှ ၆ ဦးအထိရှိလာကြောင်း၊ ယင်းပလတ်စတစ်ပုံးပါ အရည်များသည် သင်္ဘောတစီးမှ ပြုတ်ကျကျန်ရစ်သည့် ဆိုးဆေး သို့မဟုတ် ချွတ်ဆေးရည်များဟု ယူဆရကြောင်း သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်