ဒေါ်အောင်ဆန်းစုကြည် ဘောလုံးပွဲသွားကြည့်

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယနေ့ယှဉ်ပြိုင်မည့် အာဆီယံ ယူ-၁၉ ဘောလုံးပွဲသို့ ယနေ့နေ့လည် ၃ နာရီကျော်တွင် သွားရောက်ကြည့်ရှုမည်ဟု သိရသည်။ ယနေ့ညနေတွင် မြန်မာနှင့် လာအို ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်ရှိသည်။ ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့သွားစဉ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မက်စ်ဦးဇော်ဇော်က ဘောလုံးပွဲကြည့်ရှုရန် ဖိတ်ကြားခဲ့ဖူးသည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ဘောလုံးပွဲသွားကြည့်
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်