အင်္ဂါဝတ်ပြုဆုတောင်းပွဲ ငြိမ်းချမ်းစွာ ပြီးစီး

ရွှေတိဂုံစေတီတော် တနင်္လာထောင့်အနီးတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ဝန်းကျင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် မေတ္တာပို့ ဝတ်ပြုဆုတောင်းပွဲ တရပ် ငြိမ်းချမ်းစွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆုတောင်းပွဲကို နော်အုန်းလှ ဦးဆောင်သော အင်္ဂါ ၀တ်ပြုဆုတောင်းအဖွဲ့က စီစဉ်ခဲ့ခြင်းဖြစ်ပြီး လူ ၃၀ နီးပါး ပါဝင်ဆုတောင်းခဲ့သည်။ ယမန်နေ့က စက်တင်ဘာ ရွှေဝါရောင် ၄ နှစ်မြောက် ဆုတောင်းပွဲကို ဆူးလေစေတီတွင် ပြုလုပ်ခဲ့ပြီး လူ ၂၀၀ ခန့်တို့ ဆန္ဒထုတ်ဖော် လမ်းလျှောက်ခဲ့ကြသည့်အတွက် နော်အုန်းလှအား အာဏာပိုင်များက ဖမ်းဆီးခဲ့သည့်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သတင်းများ မမှန်ကန်ပေ။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်