မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် ဗုံး ၆ လုံးကွဲ

Thursday, 06 October 2011 16:31 သတင်းတိုများ
Print
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန္တလေး မြစ်ကြီးနား ရထားလမ်းပိုင်းရှိ မရမ်းဘူတာနှင့် နမ္မတီးဘူတာအကြား၌ ယမန်နေ့ညက ဗုံး ၆ လုံး ဆက်တိုက်ပေါက်ကွဲသည့်အတွက် ရထားအသွားအလာများ ခေတ္တရပ်ဆိုင်းခဲ့ကြောင်း၊ ပေါက်ကွဲမှုအတွင်း လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း မိုးကောင်း ဒေသခံတဦးက ဧရာဝတီသို့ပြောသည်။ အဆိုပါဒေသတွင် အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။ ယခုပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းမှ လုပ်ကိုင်ကြောင်း မသိရပေ။