သမ္မတ ဦးသိန်းစိန် မကြာမီ အိန္ဒိယ သွားမည်

Friday, 07 October 2011 16:27 သတင်းတိုများ
Print
သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံသို့ ၎င်း၏ သမ္မတသက်တမ်းအတွင်း ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်မည် ဖြစ်ပြီး ခရီးစဉ် ကာလမှာ အောက်တိုဘာလ ၁၂ ရက်မှ ၁၅ ရက်အထိ ဖြစ်ကြောင်း ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။ သမ္မတ၏ အိန္ဒိယ ခရီးစဉ်အပြီးတွင် ဒု သမ္မတ သီဟသူရတင်အောင်မြင့်ဦးက တရုတ်နိုင်ငံသို့သွားရောက်မည် ဖြစ်သည်။ ၎င်းခရီးစဉ် ၏ တရားဝင် ရည်ရွယ်ချက်မှာ အောက်တိုဘာလ ၂၁ မှ ၂၆ ရက်အထိ တရုတ်နိုင်ငံတွင် ကျင်းပမည့် တရုတ်-အာဆီယံ ဆွေးနွေးပွဲသို့ တက် ရောက်ရန်ဖြစ်ပြီး မကြာမီကရပ်တန့်လိုက်သည့် မြစ်ဆုံဆည်အရေးကိုလည်း တရုတ်ခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။