အကျဉ်းသား ၆ ထောင်ကျော်ကို မနက်ဖြန်မှစ၍ ဆက်တိုက် လွှတ်ပေးသွားမည်

Tuesday, 11 October 2011 13:48 သတင်းတိုများ
Print
အကျဉ်းသား ၆၃၅၉ ဦးကို မနက်ဖြန် အောက်တိုဘာ ၁၂ ရက်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) မှ စတင်၍ ဆက်တိုက် လွှတ်ပေးသွားမည်ဟု မြန်မာရုပ်မြင်သံကြားမှ ယနေ့နေ့လယ် ၁ နာရီတွင် ကြေညာသွားသည်။ ကြေညာ ချက်တွင် နိုင်ငံရေးအကျဉ်းသားများဟု ခွဲခြား ဖော်ပြခြင်းမရှိဘဲ အကျဉ်းသားများအားလုံးအနက် ထိုက်သင့်သော ပြစ်ဒဏ်ကို ကျခံပြီး စည်းကမ်းရှိ၍ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ အသက်အရွယ် ကြီးရင့်သူ၊ ကျန်းမာရေး မကောင်းသူ၊ ကိုယ်လက်အင်္ဂါချို့ယွင်းနေသူ အကျဉ်းသားများအား လွှတ်ပေးမည်ဟုသာ ဖော်ပြထားသည်။