သတင်းတိုများ

သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်ကို “အမေစု”ဟု အော်ဟစ် နှုတ်ဆက်

ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့တွင် ထောင်နှင့် ချီသော လူအုပ်ကြီး ပိုမိုများပြားလာသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် က နေအိမ်မှ ထပ်မံထွက်လာပြီး လက်ပြ နှုတ်ဆက်ကြောင်း၊ လူထုက “အမေစု”ဟု နှုတ်ဆက်အော်ဟစ်ကြကြောင်း သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ လူအုပ်ကြီး ချီတက်ဆဲ

ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ ခြေလျင် ချီတက်နေသည့် လူအုပ်ကြီးမှာ များပြားလွန်းကြောင်း၊ ယခုအချိန်အထိ လူစုကွဲခြင်း မရှိသေးကြောင်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထိပ်ရှိ ပုလဲကွန်ဒိုမီယံမှ တက္ကသိုလ်ရိပ်သာ လမ်းပ်ါအထိ လူအပြည့်ရှိကြောင်း သိရသည်။ “နိုဝင်ဘာ ၇ ရက်နေ့က လူထုဆန္ဒဖော်ထုတ်တာ မဟုတ်ဘူး၊ ဒီနေ့မှ လူထုက ဆန္ဒကိုဖော်ထုတ်တာ” ဟု လူငယ်တဦးက ပြောသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် လူထုကို ပထမဆုံး နှုတ်ဆက်စကားပြော

ဒေါ်အောင်ဆန်းစုကြည်က လူထုကို အိမ်ရှေ့တွင် ပထမဆုံး နှုတ်ဆက်စကား အနည်းငယ်ပြောကြောင်း၊ နိုင်ငံတော် သီချင်း ကမ္ဘာမကျေကို လူထုက သံပြိုင်သီဆိုကြောင်း၊ လူထုကို မနက်ဖြန် ၁၂ နာရီတွင် အဖွဲ့ချုပ်ရုံးသို့ လာရောက် ရန် ပြောဆိုကြောင်း သတင်းရသည်။“နိုင်ငံရေးသင်ခန်းစာ တခုလို သဘောထားပါ၊ မတွေ့ရတာ ကြာပြီဆိုတော့ ပြောစရာတွေက အများကြီးပဲ၊ အားလုံး ကြားချင်ရင် မနက်ဖြန် ရုံးကို ၁၂ နာရီ လာခဲ့၊ အသံချဲ့စက်နဲ့ ပြောမယ်”ဟု ပြောကြောင်း သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း NLD က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့တွင် လာရောက် စောင့်ဆိုင်းသည့် လူအုပ်မှာ များပြားသည့် အတွက် ရှေ့နေ ဦးဉာဏ်ဝင်းက မေတ္တာရပ်ခံ ပြောဆိုနေရ ကြောင်း သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး လုံထိန်း ၅၀ ခန့် အသင့်နေရာယူထား

ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး တက္ကသိုလ်ရိပ်သာ လမ်းပေါ်တွင် လုံခြုံရေး ကာရံထားသည့် သံဆူးကြိုးနားသို့ လူ ၄၀၀၀-၅၀၀၀ ခန့် လူအုပ်ကြီး ရောက်ရှိလာ၍ အဓိကရုဏ်း နိုမ်နင်းရေး လုံထိန်း ၅၀ ခန့်က အသင့် အနေ အထား ပြင်ထားပြီး အရာရှိတဦးက လူအုပ်ကို အနားမကပ်ရန် တားမြစ်ကြောင်း၊ လူအုပ်မှာ ၁၀ ပေခန့် နောက်ဆုတ်ပေးရ ကြောင်း သတင်း ရသည်။ အခြေအနေကို NLD က ထိန်းသိမ်း နေသည်။
သတင်းတိုများ

“ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်”ဟု ကြွေးကြော်နေပြီ

ကုက္ကိုင်းလမ်းဆုံ- ကမ္ဘာအေးဘုရားလမ်းဘက်ခြမ်းရှိ လူအုပ်ကြီးက “ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ် ချက်ချင်း လွှတ်” ဆိုသည့် ကြွေးကြော်သံများကို ပြောင်းလဲကြွေးကြော်လာကြောင်း၊ ရွှေဂုံတိုင်ရှိ NLD ရုံးရှေ့တွင် စောင့်ဆိုင်း နေသည့် ထောင်နှင့် ချီသော လူများ ဒေါ်အောင်ဆန်းစုကြည် အိမ်အနီးသို့ ရောက်ရှိလာပြီး ပိုမို ကြွေးကြော်လာသည့်အတွက် NLD လူကြီးများ လာ ရောက် ထိန်းသိမ်းနေရကြောင်း၊ လမ်းပေါ်တွင် လူအပြည့်ဖြစ်လာ၍ ထိပ်တိုက် ရင်ဆိုင်မှု မဖြစ်စေရန် NLD လွှတ်တော် ကိုယ်စား လှယ် ဦးနိုင်းနိုင်းက လာရောက်မေတ္တာ ရပ်ခံကြောင်း သိရသည်။
သတင်းတိုများ

“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”ဟု လူ ထောင်နှင့်ချီ ကြွေးကြော်

ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး တက္ကသိုလ်ရိပ်သာ လမ်းနှင့် ကုက္ကိုင်း လမ်းဆုံတွင် “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဟု လူ ၂၀၀၀ နီးပါးခန့်က ကြွေးကြော် နေကြောင်း သိရသည်။ ရွှေတောင်ကြား ရပ်ကွက် အတွင်းသို့ ၀င်ရောက်သည့် လမ်းပေါက်မှစပြီး အတားအဆီးများ ပိတ်ထားကြောင်း၊ လူအုပ်ကြီးမှာ ကမ္ဘာအေး ဘုရားလမ်း ဘက်နှင့် လှည်းတန်း ဘက်ခြမ်းရှိ တက္ကသိုလ် ရိပ်သာ လမ်းတွင်လည်း ရှိကြောင်း သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် လွတ်ရန် ပြင်သစ် သမ္မတ ဆုတောင်း

ယနေ့ နံနက်ပိုင်းက NLD ရုံးချုပ်သို့ ပြင်သစ် သံအမတ်ကြီး ရောက်ရှိလာပြီး ဦးတင်ဦး၊ ဦးဝင်းတင်တို့နှင့် တွေ့ဆုံ၍ ဒေါ်အောင်ဆန်းစုကြည် လွတ်ရန် ပြင်သစ် သမ္မတ က ဆုတောင်းနေကြောင်း ပြောသည်ဟု သိရသည်။ “ဒေါ်အောင်ဆန်းစုကြည် လွတ်ဖို့ ဆုတောင်း နေကြောင်း၊ လွတ်ရမယ်လို့လည်း ယုံကြည် နေကြောင်း၊ အခြေအနေပေးလို့ လွတ်လာရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စီစဉ်ထား ကြောင်း ပြောတယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ရှုံးသူတချို့လည်း စောင့်မျှော်

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တသီးပုဂ္ဂလ ကိုယ်စား လှယ်လောင်းတချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် စောင့်ဆိုင်းနေကြောင်း သတင်းရသည်။ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာ စောနိုင်၊ ဒေါက်တာ ဘုန်းဝင်း၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးနေမျိုးဝေနှင့် NDFပါတီမှ ကိုယ်စားလှယ်လောင်း တချို့ပါဝင်ကြောင်း သိရသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး သံအမတ်များလည်း လာရောက်ကြည့်ရှု

ယနေ့နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ် ခြံဝန်း နှင့် အနီးရှိ လူအုပ်ကြီးကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး အင်ဒရူး ဟိန်း နှင့် ပြင်သစ် သံရုံးမှ အကြီးတန်း အရာရှိတို့ လာရောက် အကဲခတ်ကြောင်း သတင်းရရှိသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် ယနေ့ ညနေပိုင်း လွတ်နိုင်

ဒေါ်အောင်ဆန်းစုကြည် ယနေ့ ညနေ ပိုင်းတွင် လွတ်မြောက်နိုင်သည်ဟု ခြံအနီးတွင် စောင့်ဆိုင်းနေသည့် လူအုပ်ကြီးကို NLD ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်တင်က လာရောက်ပြောဆိုကြောင်း သိရသည်။ ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် သခင်အုန်းမြင့်၏သား ဦးနီက အစားအသောက်များ ပုံမှန်အတိုင်း သွားရောက်ပို့ပေး ကြောင်း၊ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ပထမဆုံး သွားရောက်တွေ့ဆုံမည့် သူများမှာ ဒေါက်တာ တင်မျိုးဝင်းနှင့် ဦးနီတို့ ဖြစ်သည်ဟု ပြောဆိုနေသည်။
သတင်းတိုများ

ယနေ့ NLD ရုံးရှေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုသူများလာ

ယနေ့လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ကြိုဆိုရန်အတွက် ရွှေဂုံတိုင်လမ်းရှိ NLD ရုံးချုပ်သို့ လူအများအပြား  လာရောက်ကြောင်း၊ ရုံးတဘက်ခြမ်းရှိ အုတ်လမ်းကြား၊ ယုဇန တာဝါနှင့် ရုံးအနီးရှိ စာသင်ကျောင်းဘက်ခြမ်းတွင် စောင့်ဆိုင်း နေ သည့် လူများမှာ ရာနှင့်ချီရှိလာပြီဖြစ်ပြီး ယာဉ်အသွားအလာမှာလည်း တဖြည်းဖြည်း ပိတ်ဆို့လာနေပြီ ဖြစ်ကြောင်း ရုံးချုပ်မှ NLD အဖွဲ့ဝင်တဦးက ပြောသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်ကို စောင့်မျှော်သူများလာ

တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင် နိုင်ငံခြားသားများ၊ ပြည်လူထုနှင့် ပြည်တွင်းပြည်ပ သတင်း ထောက်များက ယနေ့နံနက် ၇ နာရီခန့် ကတည်းက လာရောက်စောင့်ဆိုင်းနေကြောင်း၊ လူအုပ်မှာ တဖြည်းဖြည်းများ လာပြီး ၂၀၀ ၀န်းကျင်ခန့် ရှိလာကြောင်း သတင်းရသည်။ လူတချို့က ကားများဖြင့် လှည့်၍ ကြည့်ရှုမှုများလည်း ရှိသည်ဟု နိုင်ငံခြား သတင်းထောက် တဦး က ပြောသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်ကို လူအများ ဆက်လက်စောင့်မျှော်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည်ဟု ပြောဆိုမှုများရှိနေသော်လည်း ယနေ့ လွတ်မြောက်ရန် မသေချာကြောင်း NLD ဒု- ဥက္ကဋ္ဌ ဦးတင်ဦးက ပြောဆိုသည်။ NLD ရုံးချုပ်ရှေ့တွင် ဒေါ်အောင်ဆန်း စုကြည်ကို ကြိုဆိုနေသည့် လူအုပ်ကြီးမှာ များပြား လာ သည့်အတွက် ရုံးကိုလည်း ပိတ်ခဲ့ရကြောင်း၊ ယင်း လူအုပ်သည် တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ရှေ့သို့ သွားရောက် စောင့်မျှော်နေကြောင်း သိရသည်။“မနက်ကျမှ လာ၊ ရုံးကိုလည်း စောစောဖွင့်မယ် ပြောထားတယ်”ဟု ဦးတင်ဦးက ဆို သည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် ကြိုသူများပြား၍ အိမ်သို့ ပြန်ရန် မေတ္တာရပ်ခံ

ရန်ကုန် NLD ရုံးချုပ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် စောင့်ဆိုင်းနေသည့် ပရိသတ်ကြီးကို လူစုခွဲပြီး မိမိတို့ နေအိမ်များသို့ ပြန်ရန်နှင့် နောက်တနေ့မှလာရောက်ကြရန် NLD က မေတ္တရပ်ခံသည်ဟု သတင်းရသည်။ ရုံးရှေ့တွင် လူအုပ် ကြီးမှာ များပြားပြီး ကားများ သွားလာရန်ပင် ခက်ခဲသည့်အတွက် လမ်းရှင်းပေးနေရကြောင်း သိရသည်။
သတင်းတိုများ

ကြွေးကြော်သံများအော်၍ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို

ရွှေဂုံတိုင် NLDရုံးချုပ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် လူပေါင်း တထောင်ခန့် ရောက်ရှိနေပြီး လုံခြုံရေး တပ်ဖွဲ များ နှင့် စွမ်းအားရှင် အင်အား စုစုပေါင်း ၂၀၀ ခန့်ကလည်း လမ်းတဘက်ရှိ ယုဇန တာဝါဘက်တွင် နေယူထားသည်ဟု သတင်းရ သည်။ ရုံးရှေ့ရှိ လူအုပ်ကြီးမှ “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”ဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ပြီး စောင့်ဆိုင်း နေသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရန် ဗိုလ်ချုပ်မှူးကြီး လက်မှတ်ထိုး

ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးရန် ယနေ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က လက်မှတ်ထိုးသည်ဟု NLD ဒု ဥက္ကဌ ဦးတင်ဦး က ပြောကြောင်း ရန်ကုန်မြို့ရှိ နိုင်ငံခြားသတင်းထောက် တဦးက ပြောဆိုသည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်၏သား ပြည်ဝင်ခွင့်ရ

ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်းသည် သူ၏ မိခင်နှင့် တွေ့ဆုံရန် ယခုရက်အတွင်း မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာရရှိသည်ဟု အတည်မပြုနိုင်သေးသော သတင်းများအရ သိရသည်။ ကင်မ် အဲရစ်သည် ဗီဇာအကြိမ်ကြိမ် လျှောက်ခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရပြီး ယခုအကြိမ်ဗီဇာရခဲ့လျှင် ၁၀ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်ဟု ဆိုနိုင်သည်။
သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်ကို သွေးလှူပြီး ကြိုဆို

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည်ကို ကြိုဆိုသည့် အနေဖြင့် NLDပါတီ လူငယ်အဖွဲ့ဝင် ၁၀၀ ကျော်က ရန်ကုန်မြို့ရှိ ပြည်သူ့ ဆေးရုံကြီးများတွင် ယနေ့ သွေးလှူဒါန်းမှု ပြုလုပ်ကြောင်း သတင်းရသည်။ မနက်ဖြန် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်စေ့မည်ဖြစ်ပြီး စစ်အစိုးရက ပြန်လည် လွှတ်ပေးလိမ့်မည်ဟု အများက မျှော်လင့်နေကြသည်။
Page 41 of 41

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်