မဲဆောက် လုံခြုံရေးအတွက် စစ်ဆေးမှုလုပ်ဟု ထိုင်းတပ်မှူးပြော

E-mail Print

မဲဆောက်မြို့ရှိ ကရင် အမျိုးသား အစည်းအရုံး(KNU)ခေါင်းဆောင်များ၏ နေအိမ်များသို့ ထိုင်းအာဏာပိုင်များက ယမန်နေ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုသည် နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းရေးလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ KNU ခေါင်းဆောင်များ၏ နေအိမ်များကို ထိုင်းအာဏာပိုင်များက ၀င်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့မှုနှင့်ပတ်သက်ပြီး အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီး ပဒုံရင့် ဖိုင်းဘွန်းစို့ က ယခုကဲ့သို့ သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

“နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းရေးလုပ်တာပါ၊ နာဒါးမြရဲ့မိန်းမအိမ်မှာ မိုင်းလုပ်နိုင်တဲ့ ဆက်စပ်ပစ္စည်း တွေ့ပြီး ခေါ်ယူစစ်ဆေးနေပါတယ်”ဟု ၎င်းက ဒေသခံ သတင်းထောက်များကို ပြောကြားသည်။

KNU ခေါင်းဆောင်ဟောင်း ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားဖြစ်သူ ဗိုလ်မှူးကြီး နာဒါးမြသည် ယခုနှစ် ဆန်းပိုင်းတွင် ထိုင်းနိုင်ငံအတွင်း လက်နက် တရားမဝင် ကိုင်ဆောင်မှုဖြင့် ထိုင်းအာဏာပိုင်များက အရေးယူခဲ့ဖူး ကြောင်းလည်း သိရသည်။

ထိုင်းအာဏာပိုင်များ၏ ရှောင်တခင် ၀င်ရောက်စစ်ဆေးမှုသည် ထိုင်းအစိုးရအပေါ် မြန်မာစစ် အစိုးရ၏ ဖိအားပေး မှုဖြစ်နိုင်ကြောင်း မြန်မာအတိုက်အခံများနှင့် နယ်စပ်အခြေအနေ စောင့်ကြည့်လေ့လာသူများ က ဝေဖန်ပြော ဆို နေကြသည်။

KNU တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေက“KNU မှာ လက်နက်ရှိသလား မရှိဘူးလား၊ နအဖ က ပြောတဲ့ လူတွေဆီမှာရှိသလား ဆိုတာကို ထိုင်းအာဏာပိုင်တွေကလည်း စစ်ဆေးမှုတွေ လုပ်ပြတဲ့ အပိုင်းတွေပါ၊ အဲဒီလို လုပ်ပြတဲ့အပေါ်မှာ ရှိရင် ရှိတဲ့အတိုင်းတွေ့တယ်၊ မရှိရင် မတွေ့ဘူး အဲဒါပါပဲ ဘာမှ ပြဿနာ မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ထိုင်းအာဏာပိုင်များက ခေါ်ဆောင်သွားသည့် နာဒါးမြ၏ ဇနီးအတွက် လိုက်လံ ဖြေရှင်းမှုရ မရကို မသိရှိရသေး ကြောင်းလည်း ၎င်းက ဆိုသည်။

ယခုနှစ် အစောပိုင်းမှစ၍ ထိုင်းအာဏာပိုင်များက KNU စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို မြန်မာပြည်ရှိ ၎င်း တို့ ထိန်းချုပ်ထားသည့် နယ်မြေသို့ ပြန်ရန် ဖိအားပေးခဲ့သည်။

မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခြင်း မရှိသေးသော KNU သည် ၁၉၉၅ ခုနှစ်တွင် ၎င်း၏ မာနယ်ပလော ဌာနချုပ် တိုက်ခိုက်ခံခဲ့ရပြီး နောက်ပိုင်း တဖြည်းဖြည်း အင်အား လျော့နည်းလာသည်။

ပြီးခဲ့သည့် နှစ်များ အတွင်း KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြ ကွယ်လွန်ခြင်း၊ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ ထိုင်းနိုင်ငံတွင် လုပ်ကြံခံရခြင်း၊ KNU ထိန်းချုပ်သည့် နယ်မြေအများအပြားဆုံးရှုံးခြင်း၊ အောက်ခြေတပ် တချို့ စစ်အစိုးရနှင့် သွားရောက် ပူးပေါင်းခြင်းတို့ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

အလားတူပင် လွန်ခဲ့သည့်လဆန်းပိုင်း၌ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ အတိုက်အခံရုံးများကိုလည်း ဒေသခံ ထိုင်းအာဏာပိုင်များက ရှောင်တခင် ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်