ရတနာပုံ FC ထိုင်းကို ထပ်မံရှုံး ပြန်

E-mail Print
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်မြို့ တွင် ကျင်းပသော ဖူးကက်ကာတာ ဂရုဖ် ဖလား ဘောလုံးပြိုင်ပွဲတွင် ယမန်နေ့ က မြန်မာ နေရှင်နယ်လိဂ် ချန်ပီယံ ရတနာပုံ FC အသင်းနှင့် ထိုင်း ပရီးမီးယားလိဂ် ချန်ပီယံ မြောင်ထောင် ယူနိုက်တက် အသင်းတို့ တတိယ နေရာလုပွဲ ယှဉ်ပြိုင်ကစားကြရာ မြောင်ထောင် အသင်းက ရတနာပုံအသင်း ကို(၄)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိသွားသည်။

ယင်း တတိယ လုပွဲတွင် မြောင်ထောင်ယူနိုက်တက်က ပထမပိုင်း(၁၆)မိနစ်၌ အဖွင့်ဂိုး သွင်းယူခဲ့ပြီး (၁၇) မိ နစ်တွင် ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည်။ ပြန်အလှန် တိုက်စစ်ဆင်ဖွင့်ကစားခဲ့ကြသောကြောင့် အကြိတ် အနယ်ရှိခဲ့ပြီး ပွဲချိန်၂၁မိနစ်တွင် ရတနာပုံက ချေပဂိုး တဂိုး သွင်းယူခဲ့သည်။ ပွဲချိန်(၃၃)မိနစ်နှင့် (၃၄) မိနစ် တွင် မြောင်ထောင်အသင်းက တတိယနှင့် စတုတ္ထဂိုး သွင်းယူနိုင်ခဲ့သောကြောင့် ပထမပိုင်းတွင်ပင် မြောင်ထောင်က ၄ ဂိုး တဂိုးဖြင့် အနိုင်ရနေသည်။

ဂိုးပြတ်ရှုံးနေသော်လည်း ရတနာပုံအသင်းမှာ ကစားအားကျမသွားဘဲ ဒုတိယပိုင်းတွင် တိုက်စစ်ဆင်ကစားခဲ့ ရာ ပွဲချိန်(၇၄)မိနစ်တွင် ရတနာပုံအသင်းက ပယ်နယ်တီကန်ခွင့်ရ၍ ချေပဂိုးတဂိုး ထပ်မံရရှိခဲ့သည်။

ထို့နောက် ရတနာပုံအသင်း ချေပဂိုးများ ထပ်မံရရှိရန် ကြိုးစားခဲ့သော်လည်း ဂိုးမသွင်း နိုင်သည့်အတွက် ၄ ဂိုး ၂ဂိုးဖြင့် မြောင်ထောင်ယူနိုက်တက် က အနိုင်ရရှိသွားခြင်းဖြစ်သည်။

အဆိုပါ တတိယလုပွဲ၌ ရတနာပုံ FC အသင်းသည် အဓိက ကစားသမားများကို အသုံးမပြုဘဲ အရန် ကစား သမားများကိုသာ အသုံးပြုခဲ့သည်ဟု ရတနာပုံ အသင်း ကျောနံပါတ်(၁၇) ကိုထက်နိုင်ဝင်းက ပြောသည်။

“ကျနော်တို့ ထိုင်း All Star နဲ့ ကစားတုန်းက အဓိက ကစားသမားတွေကို အသုံးပြုခဲ့ပေမယ့် ဒီနေ့တော့  အရန် ကစားသမားတွေကိုပဲ သုံးခဲ့တယ်၊ ရန်ကုန်မှာ အရေးကြီးတဲ့ပွဲ ကစားစရာရှိသေးလို့ အရန်တွေကိုပဲ သုံးခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

ရတနာပုံအသင်းသည် ဂိုးသမား ဖြိုးကိုကိုလှိုင် အပါအ၀င် အရန်ကစားသမားများကိုသာ ပွဲထုတ်ခဲ့သော် လည်း မြောင်ထောင်ယူနိုက်တက်ကို အပြန်အလှန်ယှဉ်ပြိုင်ကစားနိုင်ခဲ့ပြီး အဆုံးသတ်မသေချာခြင်းကြောင့် ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်သည်ဟု ရတနာပုံ FC ၀က်ဘ်ဆိုဒ် တွင် ရေးသားထားသည်။

ဖူးကက်မြို့ မှ ဘောလုံးဝါသနာအိုးဖြစ်သူ ကိုခိုင်ကမူ“ကျနော်တို့ မြန်မာအသင်းရှုံးတာကတော့ ခြေရည်မမီလို့ ရှုံးတာပါ၊ ကျနော်တို့ ကတော့ ကိုယ့်နိုင်ငံကအသင်းကို နိုင်စေချင်တာပဲလေ၊ ဒါပေမယ့် လေးသင်း ပြိုင်တဲ့ ပွဲမှာ စတုတ္ထရတာကိုတော့ ဘာများတတ်နိုင်မှာလဲ၊ ဘာပဲဖြစ်ဖြစ် အားပေးရမယ့်တာဝန်က ကျနော်တို့  တာဝန်၊ ကြိုးစားရမှာကတော့ ကစားသမားတွေ အသင်းပိုင်ရှင်တွေရဲ့ တာဝန်ပေါ့၊ ပထမနေ့က ဖူးကက်က မြန်မာတွေ သောင်းနဲ့ချီပြီး မိုးထဲရေထဲမှာ လာအားပေးကြတယ်၊ ဒီနေ့တော့ တရာနှစ်ရာလောက်ပဲ လာကြ တယ်”ဟု ဆိုသည်။

ရတနာပုံ FC အသင်းသည် အောက်တိုဘာ ၂၇ ရက်နေ့က ထိုင်း All Star အသင်းနှင့် ယှဉ်ပြိုင်ကစားရာတွင် လည်း ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

ယမန်နေ့က ဖူးကက်ကာတာ ဂရုဖ် ဖလား ဗိုလ်လုပွဲတွင် ထိုင်း All Star အသင်းနှင့် ဗီယက်နမ်မှ V league ချန်ပီယံ  Hoang Anh Gia Lai အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ All Star အသင်းက (၇)ဂိုး (၆) ဂိုးဖြင့် ဖလားကို သိမ်းပိုက်သွားခဲ့သည်။

ပွဲချိန်အတွင်း တဘက်၂ဂိုးစီဖြင့် သရေကျနေသောကြောင့် ပယ်နယ်တီ ၅လုံးစီကန်သွင်းရာ ထိုင်းအသင်းမှ ဂိုးအားလုံးဝင်ပြီး ဗီယက်နမ် ချန်ပီယံအသင်းက ၇ဂိုး မြောက်ဂိုးကို လွဲချော်ခဲ့သည်။

ပွဲအပြီးတွင် All Star အသင်းမှ နည်းပြဖြစ်သူ Bryan Robson က“ကျနော်တို့ ပွဲအစမှာ အထနှေးခဲ့တာ ကြောင့် စိတ်ပျက်ခဲ့ရပါတယ်၊ ဒါပေမယ့် ဒုတိယ ပိုင်းမှာတော့ ပွဲကို ကောင်းကောင်းထိန်းချုပ်ကစားနိုင်ခဲ့တယ် လို့ ထင်ပါတယ်”ဟု ဖူးကက် ဂေဇက် သတင်း ၀က်ဘ်ဆိုက်တွင် ပြောဆိုထားသည်။

Bryan Robson မှာ အင်္ဂလန် မန်ချက်စတာ ယူနိုက်တက် အသင်း၏ ကစားသမားဟောင်းဖြစ်သည်။ ၄င်း သည် ထိုင်း အသင်းကို စတင်ကိုင်တွယ်ပြီးနောက် ပထဆုံးပြိုင်ပွဲတွင် ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်