ချင်းမိုင်နေ မြန်မာ အလုပ်သမားများ အခမဲ့ ဆေးကုသခွင့်ရ

E-mail Print
သြစတြေးလျ၊ အမေရိကန်နှင့် ကိုရီးယားနိုင်ငံမှ ဆရာဝန်များ အပါအ၀င် မြန်မာနိုင်ငံမှ ဆရာဝန်များက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာ ခရစ်ယာန် ဘုရားရှိခိုးကျောင်း တကျောင်းတွင် ၂ ရက်ကြာ မြန်မာ အလုပ်သမားများကို ဆေးလာရောက် ကုသပေးကြောင်း သိရသည်။

ယင်းဆေးကုသမှုများ ကို ယခုလ ၂၆ရက်မှ ၂၇ ရက်နေ့အထိ နံနက် ၈ နာရီမှာ ညနေ ၄နာရီအတွင်း  ကုသ ပေးခြင်းဖြစ်ပြီး ၁ရက်အတွင်း  လူနာ  ၈၀ ကျော်ကို အခမဲ့ ကုသပေးကြောင်း သိရသည်။

“ကျနော်တို့က ဒုက္ခအရောက်ဆုံး လူတွေကို ကူညီတာပါ။ အခုကျနော်တို့ ကြားတာက ဒီထိုင်းနိုင်ငံမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားပေါင်း လေးသန်း ခန့်ရှိတယ်။ နောက်ပြီး သူတို့တွေကလည်း အမှန်တကယ် အကူအညီ လိုအပ်နေတဲ့သူဖြစ်နေတဲ့ အတွက် အခုလို လာရောက် ကုသပေးတာပါ” ဟု အမည်မဖော်လိုသူ မြန်မာ ဆရာဝန် တဦးက ဧရာဝတီသို့ပြောသည်။

လာရောက် ဆေးကူသမှု ခံယူသူအများစုမှာ နှာစီးချောင်းဆိုးခြင်း ဖြစ်သည်။ အခြားရောဂါများမှာ  အရေပြားရောဂါ၊ တီဘီ၊ သွားနှင့်ခံတွင်း၊ မျက်စိနှင့်ပတ်သက်သော ရောဂါများဖြစ်ပြီး ၄င်တို့အား စစ်ဆေးပေးခြင်း၊ ကုသပေးခြင်းများ ပြုလုပ်ပေးကြောင်းသိရသည်။

“အခု ကျမက သွားနဲ့ မျက်စိ လာပြပါတယ်။ အပြင်ဆေးခန်းမှာ သွားပြဖို့က အရင်တုန်းက ဘာလက်မှတ်မှမရှိဘူးလေ၊ အခုလက်မှတ်ရှိပြန်တော့ သွားဖို့အချိန်က မရှိ ဖြစ်နေတယ်။ အခုတောင်မှ ခွင့်တောင်းပြီးလာရတာ။ နောက်တော့ အခမဲ့လည်းဖြစ်တယ်၊ ကျမတို့ သွားနေကျ ဘုရားကျောင်းမှာလည်း ဖြစ်တယ်၊ မြန်မာဆရာဝန်တွေလည်း ပါတယ် ဆိုတော့ အားလုံးအတွက် အဆင်ပြေတာပေါ့”ဟု ထိုင်းနိုင်ငံတွင် နှစ်နှစ်ခန့် အလုပ်လုပ်နေသော အသက် ၂၈ အရွယ် ကချင် အမျိုးသမီး တဦးကလည်း ပြောသည်

ယင်းဆေးကုသမှု အဖွဲ့သည် ချင်းမိုင်မြို့မတိုင်ခင် မယ်ဆိုင်မြို့တွင်ရှိသော  မြန်မာအလုပ်သမားများကိုလည်း သွား ရောက်ကုသပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာအလုပ်သမား အများအပြားနေထိုင်သော ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့သို့ သွားရောက်ကုသ ပေးရန် ရှိကြောင်းလည်း အထက်ပါ ဆရာဝန်က ဆက်ပြောသည်။

“အပြင်ဆေးခန်းတွေသွားပြရင် ထိုင်းစကားလည်း ကောင်းကောင်းမပြောတတ်ဘူးဆိုတော့ ဖြစ်နေတဲ့ ရောဂါကို ထိထိရောက်ရောက် မပြောနိုင်တဲ့အတွက် အပြင်ဆေးခန်းတွေကို သွားရတာ သိပ်အဆင်မပြေဘူး။  နောက်တော့ လက်မှတ်မရှိတော့ ပိုက်ဆံပိုကုန်ပြီး ပိုဒုက္ခရောက်တာပေါ့။ တခါသွားပြရင် ဘတ် သုံးရာ လေးရာ အထက်ပဲ။ ဒီတော့ အခုလို မြန်မာဆရာဝန်တွေနဲ့ အခမဲ့ လာရောက်ကုသပေးတော့ ကျနော်တို့အတွက် အရမ်းကောင်းပါတယ်”ဟု ခြံစောင့် အလုပ်သမား တဦးဖြစ်သည့် အသက် ၂၃ နှစ်အရွယ် ကချင်တိုင်းရင်းသား ကိုဘရန်ဆိုင်းက ပြောသည်။

ယခု နိုင်ငံခြားဆရာဝန်အဖွဲ့မှ မြန်မာအလုပ်သမားများကို ဆေးလာရောက်ကုသပေးခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမ အကြိမ်မှာ ကိုရီးယားနိုင်ငံမှ ဆရာဝန်းများက ၁ ရက်တာ လာရောက် ကုသပေးခဲ့ကြောင်းသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်