ထိုင်းလုံခြုံရေး ပစ်ခတ်၍ မြန်မာ ၃ ဦး သေဆုံး

E-mail Print
ထိုင်းနိုင်ငံ တောင်ပိုင်း၊ ရနောင်း ခရိုင်အတွင်း ယမန်နေ့က တရားမ၀င် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ တင်ဆောင်လာသည့် ကားကို ထိုင်း လုံခြုံရေး တပ်က ပစ်ခတ် ဖမ်းဆီးခဲ့ သောကြောင့် ကလေးငယ် ၂ ဦး အပါအ၀င် ၃ ဦး သေဆုံးသွားပြီး ၅ ဦး ဒဏ်ရာရရှိ သွားသည်။ 

ကားပေါ်တွင် မြန်မာပြည်သား (၁၅)ဦး လိုက်ပါလာခဲ့ပြီး ရနောင်းမြို့အ၀င် စစ်ဆေးရေး ဂိတ်တခုသို့ အရောက်တွင် ထိုင်းလုံခြုံရေး တပ်များက စစ်ဆေးရန် တားဆီးသည်ကို မရပ်ပေးသဖြင့် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ရနောင်းမြို့ဒေသခံ မြန်မာ တဦး က ဧရာဝတီသို့ ပြောသည်။

“ကားကို တားတဲ့ အခါကျတော့ ရပ်မပေးဘဲနဲ့ မောင်းပြေးတာ မောင်းပြေးတဲ့အချိန်မှာ ကားဘီးကို ပစ်တာ၊ ဒါပေမယ့် ဘီးရဲ့အပေါ် မှာ လူတွေက လှဲအိပ်နေတဲ့ အခါကျတော့ ပစ်တဲ့အခါ ဘီးလဲမှန်၊ ကားရဲ့ ဘော်ဒီကိုလည်း ဖောက်ပြီးတော့ အတွင်းထဲက ကလေး   တွေကိုလည်း သွားမှန်တယ်”ဟု ၎င်းက ဆိုသည်။

ထိုင်း လုံခြုံရေးတပ်များ ပစ်ခတ်မှုကြောင့် အသက် ၂နှစ် နှင့် ၄ နှစ် အရွယ် ကလေးငယ် ၂ ဦး အပါ အ၀င် အသက် ၂၀ ကျော် တဦး သေဆုံးသွားပြီး   ဒဏ်ရာ ရရှိခဲ့သူ ၅ ဦးကို ရနောင်း ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။ ကျန်ရှိနေသည့် ၇ ဦး နှင့် ထိုင်းလူမျိုး ကားသမား တဦးကို ရနောင်း မြို့ရှိ ပါနန်း အချုပ်တွင် ဖမ်းဆီးထားသည်။

ယခု ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး နယ်မြေခံ ပါနန်း ရဲစခန်းသို့ ဧရာဝတီ သတင်းဌာနမှ စုံစမ်းမေးမြန်းခဲ့ရာ တာဝန်ကျ ရဲတဦးက“ဖမ်း ဆီးထားတဲ့ ၇ ယောက် ရှိပါတယ်၊ အမှုနဲ့ ပတ်သက်ပြီး စစ်တပ်က ဖမ်းဆီးတာ၊ အသေးစိတ်ကို မသိရသေးဘူး”ဟု ပြောပြသည်။

ဖမ်းဆီးခံထားရသော မြန်မာပြည်သားများသည် ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်နေထိုင်မှုဖြင့် အရေးယူခံရနိုင် သကဲ့သို့ ကား သမားမှာ လူကုန်ကူးမှု၊ လူသေဆုံးမှု၊ ကားကို မဆင်မခြင်မောင်းနှင်မှု စသည့် အမှုများဖြင့် တရားစွဲဆိုခံရနိုင်ကြောင်း ရနောင်း မြို့ရှိ  မြန်မာပြည်သား တဦးက ဆိုသည်။

သေဆုံးသူနှင့် ဖမ်းဆီးခံရသော မြန်မာပြည်သား အများစုသည် မွန်ပြည်နယ် နှင့် တခြားမြို့မှ ဒေသခံများဖြစ်ကြပြီး ကော့သောင်း မြို့မှ တဆင့် ရနောင်းမြို့သို့ လာရောက် အလုပ်လုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။  

အလားတူ ပြီးခဲ့သည့် ဇန်န၀ါရီ လကုန်ပိုင်း တွင်လည်း သေနတ် ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာ ပြည်သား ၉ ဦးကို  ဖုတ်ဖရ မြို့နယ်အနီး တနေရာတွင် တွေ့ရှိခဲ့ကြသည်။

၎င်း တို့ကို ငွေကြေးတောင်းခံစဉ် ထွက်ပြေးသည့် အတွက် လိုက်လံဖမ်းဆီးခဲ့ပြီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ အတွင်းသို့ ရွှေ့ပြောင်း အလုပ် လုပ်ကိုင် နေကြသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းမှ ၄ သန်း အထိ ရှိကြောင်း အလုပ်သမားအဖွဲ့များက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်