အဆိုတော်များ နှစ်စဉ်ဝင်ငွေခွန်ဆောင်ရမည်

E-mail Print
မြန်မာနိုင်ငံတွင် အဆိုတော်များကို ဝင်ငွေရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ပထမဆုံး အကြိမ်အဖြစ် နှစ်စဉ် ၀င်ငွေခွန် ကောက်ခံ တော့မည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနက အဆိုတော် များထံသို့ ၀င်ငွေခွန် ကောက်ခံရန် ကိစ္စနှင့် ပတ်သက်၍ တရားဝင် ကြေညာခြင်း မရှိသော်လည်း ဂီတ အသိုင်းအ၀န်းနှင့် မီဒီယာ အသိုင်း အ၀န်းတွင် အဆိုပါသတင်း ပျံ့နှံ့နေကြောင်း သိရသည်။

ထိုကိစ္စရပ်နှင့် ပတ်သက်၍ ဧရာဝတီ သတင်းဌာနက ပြည်တွင်း အခွန်များ ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းရာ ဖြေကြားခြင်း မရှိပေ။

ယခင်က အဆိုတော် များအပေါ် ၀င်ငွေခွန် ကောက်ခံမှု ရှိခဲ့သော်လည်း ယခုကဲ့သို့ ပုံမှန် ကောက်ခံခြင်း မဟုတ်ကြောင်း ဂီတ အစည်းအရုံးမှ သိရသည်။ မည်သည့် အချိန်တွင် စတင် ကောက်ခံမည် ကိုလည်း မသိရသေးချေ။

ယခင်က အခွန်ကောက်ခံခဲ့သော်လည်း တိတိကျကျမရှိခဲ့ကြောင်း၊ နိုင်ငံခြားသွားမည့် အဆိုတော်များမှာ ၀င်ငွေ ကြေညာလွှာတင်၍ မသွားခင် တရားဝင် အခွန်ဆောင်သွားရသည်ကို သိရှိကြောင်း ဂီတအစည်းအရုံးမှ တာဝန်ရှိသူ တေးရေး မောင်သစ်မင်းက ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်တွင် ပြောထားသည်။

“တနှစ်တခါ ပုံမှန်ကောက်ခဲ့တာ မျိုးတော့ မရှိဘူးဗျ။  အများဆုံး ဆောင်ရတာ ကျပ် ၅ သိန်းလောက်တော့ ရှိတယ်”' ဟု အဆိုတော် အနဂ္ဂက ဆိုသည်။

နာမည်ကြီးအဆိုတော်များသည် တနှစ်လျှင် အများဆုံး ကျပ် သိန်း ၆၀ မှ အနည်းဆုံး ကျပ် ၁ သိန်းခွဲခန့် ဝင်ငွေခွန် ဆောင်ခဲ့ရခြင်းများ ရှိကြောင်း သိရသည်။

“ကျနော်ဆို ဆောင်ရတာ ၃ နှစ်ရှိပြီ။ ဒီနှစ်အတွက်တော့ မလာသေးဘူး။  ပုံမှန် နှစ်တိုင်းလည်း မကောက်ဘူး။ ကျနော် ဆောင်ရတာကတော့ စီးရီးထွက်တဲ့ပေါ် မူတည်ပြီး ကျပ် ၁ သိန်းကျော် ၂ သိန်းလောက်ရှိမယ်” ဟု အဆိုတော် ဇော်ပိုင်က ပြောသည်။

နာမည်ကြီး အဆိုတော်တဦး အနေနှင့် စင်တင်တေးဂီတများ ဖျော်ဖြေရာတွင် တညအတွက် ကျပ် သိန်း ၂၀ ဝန်းကျင် ရရှိကြောင်း သိရသည်။

“အဆိုတော်တွေ နှစ်တိုင်းအခွန်ဆောင်ရမယ် ဆိုရင်တော့ ကျနော့် အနေနဲ့  ဆောင်နိုင်မှာမဟုတ်ဘူး။ ဒီနှစ်မှာ ကိုယ် ဆိုရတဲ့ပွဲမှ မရှိဘဲ။ အခွေမထွက်ဘဲ ဘာဝင်ငွေမှမရှိတော့ ဒီအတွက် နည်းလမ်းတွေ ပြန်ချမှတ်သင့်တယ်” ဟု အဆိုတော် သားစိုးက ပြောသည်။

အဆိုတော်များသာ မကဘဲ မြန်မာပြည်တွင် နေထိုင်သူများအားလုံး အနေနှင့် ကမ္ဘာ့နိုင်ငံ အများစုကဲ့သို့ အခွန် ဆောင်သင့်သည်ဟု တေးရေး၊ တေးဆို ဆောင်းဦးလှိုင်က ပြောသည်။

“တချို့နိုင်ငံတွေဆို ၀င်ငွေရဲ့ ၄၀ ရာခိုင်နှုန်း အခွန် ကောက်တယ်။ ဒါပေမယ့် တိုင်းပြည်ကို အခွန်ဆောင်လိုက်တဲ့ အတွက် ဥပမာ - ကိုယ်သုံးဖို့ ရေ၊ မီး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး စတဲ့ လူ့တယောက်ရဲ့ အခြေခံ လိုအပ်ချက်တွေကို ပြည်သူတွေအတွက် ပြန်လုပ်ပေးသင့်တယ်” ဟု ၎င်းက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်