မြန်မာဆန်ပြန်ပို့သည့် ဂါနာအာဏာပိုင်တို့ တရားစွဲခံရဟုဆို

E-mail Print
မြန်မာဆန်များ အရည်အသွေး မပြည့်မီကြောင်း မမှန်မကန် ထုတ်ပြန် ကြေညာခဲ့သည့် ဂါနာနိုင်ငံ အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေး အဖွဲ့ (FDB) ကို ဆန်တင်ပို့ခဲ့သော သင်္ဘောကုမ္ပဏီက တရားစွဲထားကြောင်း ရန်ကုန်မှ စာနယ်ဇင်းသမား တဦးက ပြောသည်။

ဆန်တင်ပို့သည့် စကာင်္ပူနိုင်ငံ အခြေစိုက် Universal Navigation Pte Ltd (UNPL) ကုမ္ပဏီက FDB ကို ဂါနာနိုင်ငံ တရားရုံး တခုတွင် တရားစွဲဆိုထားကြောင်း UNPL ကုမ္ပဏီ၏ ရန်ကုန်ရုံးခွဲက ရှင်းလင်း  ပြောကြားခဲ့သည်ဟု သိရသည်။

“အဲ့ဒီ စွပ်စွဲချက်ဟာ ကုမ္ပဏီကို အသရေဖျက်တာ ဆိုပြီး တရားစွဲတာ၊ အခြေအနေ ကောင်းတယ်လို့ ကုမ္ပဏီက ရှင်းပြတယ်” ဟု ၎င်းက ပြောသည်။

ဂါနာနိုင်ငံကို အကျိုးအကြေ ၂၅ ရာခိုင်နှုန်း ပါဝင်သည့် ဧည့်မထဆန် တန်ချိန် ၁၆၅၀၀ ကို ရောင်းချခဲ့ခြင်း ဖြစ်ပြီး၊ ဂါနာတွင် အဓိကရုဏ်း ဖြစ်နေသည့် အတွက် အိမ်နီးချင်း ဆီရာလီယွန်နိုင်ငံတွင် ဆန် တန်ချိန် ၅၀၀၀ ရောင်းချခဲ့ကြောင်း၊ ကျန်ဆန်များကို ဂါနာ ဆိပ်ကမ်းတခုတွင် ချရန် စီစဉ်နေစဉ် တာဝန်ရှိသူများက တားမြစ်ခြင်း ဖြစ်သည်ဟု UNPL တာဝန်ရှိသူများက ရှင်းလင်းကြောင်း အဆိုပါ စာနယ်ဇင်းသမားက ပြောသည်။

တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ၎င်းကုမ္ပဏီသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ရှိသူက ဖြေကြားရန် ငြင်းဆိုခဲ့သည်။

ဇန်န၀ါရီလ ၇ ရက်နေ့ထုတ် ဂါနာသတင်းစာများတွင်မူ MV Stefanis အမည်ရှိ သင်္ဘောဖြင့် ရောက်လာသည့် ဆန်များကို  ဆိပ်ကမ်းတွင် ချထားရာ စားသုံးရန် မသင့်လျော်ကြောင်း FDB က စစ်ဆေးတွေ့ရှိရသဖြင့် သဘောင်္ပေါ်သို့ ပြန်လည် တင်ဆောင်ရန် အမိန့် ပေးခဲ့သည်ဟု ဖော်ပြထားကြသည်။

ရန်ကုန်မြို့ထုတ် ဂျာနယ်တချို့တွင် ထိုဆန်များမှာ တန်ချိန် တသောင်းကျော် ရှိသည်ဟု ရေးသားကြပြီး ဂါနာနိုင်ငံ သတင်းဌာနများကမူ အိတ်ရေ တသောင်းကျော်ဟု ရေးသားထားကြသည်။

ဂါနာမှ ပြန်ရောက်လာသည့် ဆန်များနှင့် ပတ်သက်ပြီး အစိုးရ သတင်းစာများတွင် ဖော်ပြခြင်း မရှိသေးပေ။

ထိုဆန်များမှာ ရေစိုဆန်များဖြစ်သည်ဟု ရန်ကုန်မှ ဆန်လုပ်ငန်းရှင်များက ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လက ထိုဆန်များကို ရန်ကုန် ဆိပ်ကမ်းတွင် အတင်အချ ပြုလုပ်စဉ် မိုး သုံးကြိမ်ခန့် မိလိုက်သည့် အတွက် ရေစိုသွားခြင်း ဖြစ်နိုင်ကြောင်း၊ သဘောင်္ကုမ္ပဏီတွင်သာ တာဝန်ရှိသည်ဟု ထင်မြင်ကြောင်း မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းမှ ဦးဝင်းအေးဖေက ပြောသည်။

ပြည်ပသို့ တင်ပို့ရာတွင် ဆန် အရည် အသွေး၊ တင်မည့် သင်္ဘော၏ အခြေအနေကို အသေအချာ စစ်ဆေးရန် လိုအပ်သည်ဟု ဦးဝင်းအေးဖေက ထောက်ပြသည်။ ကုန်သေတ္တာများဖြင့် တင်ပို့သည့် စနစ်ကို အသုံးမပြုနိုင်လျှင် ရေရှည်တွင် ဈေးကွက် ထိခိုက်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်ကြီးများ အသင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန တို့မှ တာဝန်ရှိသူများက ရေစိုဆန် ရောင်းချခဲ့သည့် ကုမ္ပဏီနှင့် ဆန်ပွဲရုံတချို့ကို ခေါ်ယူ သတိပေးခဲ့ကြောင်း ရန်ကုန် ဘုရင့်နောင် ပွဲရုံတန်းမှ ဆန်လုပ်ငန်းရှင် တဦးက ပြောသည်။

“ပွဲရုံတွေကို စစ်ဆေးပြီးတော့ လုပ်ငန်း လုပ်ခွင့်၊ တင်သွင်းခွင့်တွေ ပိတ်မယ်။ ဆန်တွေကို အစားပြန်ပေးရမယ် ပြောတယ်” ဟု သူက ပြောသည်။

ထိုအဖြစ်အပျက်များကြောင့်  ပုဂ္ဂလိက ကုမ္ပဏီများက ပြည်ပသို့ ဆန်တင်ပို့မှု ခေတ္တ ရပ်ထားကြောင်း၊  မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်ကသာ တဦးတည်း တင်ပို့ကြောင်း သူက ဆက်လက် ပြောပြသည်။

၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် တသန်းကျော် တင်ပို့ရာတွင် ၆၀ ရာခိုင်နှုန်းကျော်မှာ အာဖရိက နိုင်ငံများသို့ တင်ပို့နေခြင်း ဖြစ်ကြောင်း၊ အာရှဈေးကွက်တွင် ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနိုင်ငံများသို့ တင်ပို့ရပြီး၊ ဥရောပ နိုင်ငံများသို့လည်း တင်ပို့ရကြောင်း စီးပွား/ကူးသန်း ၀န်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

အကျိုးအကြေ ၂၅ ရာခိုင်နှုန်း ပါဝင်သည့် ဧည်မထ၊ ငစိန်၊ မီးဒုံး အမျိုးအစား ဆန်များကို အများဆုံး တင်ပို့သည်ဟု ဆိုသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်