ရွေးကောက်ပွဲ ဥပဒေ ရန်ကုန်သားများ မကျေနပ်

E-mail Print
စစ်အစိုးရထုတ်ပြန်သော ရွေးကောက်ပွဲဥပဒေသည် နိုင်ငံရေးပါတီများအပေါ်တွင် ကန့်သတ်မှုများခြင်းနှင့် တရားမျှတမှု မရှိ ခြင်းကြောင့် ကျေနပ်မှုမရှိကြောင်းနှင့် ကန့်ကွက်လိုကြောင်း ရန်ကုန် မြို့ခံများက ပြောဆိုကြသည်။

လက်ရှိထုတ်ပြန်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် ပတ်သက်ပြီး ဧရာဝတီက စစ်တမ်းငယ်တခု ကောက်ယူ ခဲ့ရာ အသက် ၂၀ မှ အသက် ၆၀ အရွယ်ရှိ အမျိုးသား အမျိုးသမီး ၃၀၀ ကျော်က ဖြေဆိုပေးခဲ့ကြသည်။

ယခုစစ်တမ်းတွင် ၂၃၂ ဦးမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအပေါ် ကျေနပ်မှု မရှိဟု ဖြေဆိုခဲ့ကြပြီး ၈ ဦးမှာ ကျေနပ်မှု ရှိကြောင်းဖြေဆိုခဲ့သည်။ ကျန် ၆၀ မှာ မဖြေဆိုရဲပါဟု ပြန်လည် ပြောဆိုခဲ့သည်။

စစ်တမ်း၌ အသက် ၆၀နှင့်အထက် အမျိုးသား ၃၀ နှင့် အမျိုးသမီး ၅ ဦး၊ အသက် ၅၀-၆၀  အရွယ် အမျိုးသား ၃၀၊ အသက် ၅၀-၆၀ ၀န်းကျင်အရွယ် အမျိုးသမီး ၃၀၊ အသက် ၃၀-၄၀ ၀န်းကျင်အရွယ်အမျိုးသား ၅၀၊ အသက် ၃၀-၄၀ ၀န်းကျင်အရွယ်အမျိုးသမီး ၇၀ ၊ အသက် ၂၀ ၀န်းကျင်အရွယ်အမျိုးသား ၆၅၊ အသက် ၂၀ ၀န်းကျင်အရွယ် အမျိုးသမီး ၄၀ ဦး တို့ ဖြေဆိုခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအပေါ်တွင် ကျေနပ်မှု မရှိဟု ဖြေဆိုခဲ့သော အသက် ၅၆ နှစ်အရွယ် ဆက်သွယ် ရေးဝန်ကြီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး တဦးက“သူတို့လုပ်ချင်တဲ့အတိုင်း လုပ်လိုက်တဲ့ ဥပဒေပါ၊ တရားမျှတမှုမရှိဘူး ဒေါ်အောင် ဆန်း စုကြည်တို့၊ မင်းကိုနိုင်တို့လို လူထုသဘောကျတဲ့ ခေါင်းဆောင်မျိုးတွေကို ဖယ်ထုတ်ပြီး သူတို့ချုပ်ကိုင်လို့ရမယ့် တပ်မတော် ကိုယ်စားလှယ်တွေအတွက် သီးသန့်လုပ်ထားတဲ့ ဥပဒေလို့ပဲ မြင်ပါတယ်”ဟု ဆိုသည်။

အသက် ၄၅နှစ် အရွယ် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနမှ မွေးကုဆရာဝန်တဦးကလည်း“ကန့်ကွက်ချင်တာကတော့ နိုင်ငံရေး ပါတီများ တည်ထောင်ခြင်းနဲပ မှတ်ပုံတင်ခြင်းမှာ ပါတဲ့ အချက်တော်တော်များများကို ကန်ပကွက်ချင်တယ်၊ ဘာဖြစ်လို့လည်းဆို တော့ ၁၉၉၀ တုန်းက လူထုက အများဆုံးမဲပေးခဲ့တဲ့ NLD ကို အခု ရွေးကောက်ပွဲ မ၀င်နိုင်အောင် လုပ်ထားတာ မတရားဘူးလို့ မြင်တယ်၊ နောက်တချက်က အဲဒီတုန်းက လူတွေရဲ့သဘောထားကို အလေးမထားတာဆိုတာ သိသာတယ်”ဟု ပြောသည်။

“မကျေနပ်ဘူး၊ ဒီမိုကရေစီရဖို့အတွက် ထောင်ကျခံနေရတဲ့ သူတွေကိုပဲ ကျမတို့က မဲထည့်ချင်တာ၊ သူတို့ မပါဘူးဆိုတော့ ဘယ်လို မဲပေးရမလဲ”ဟု အသက် ၃၀ အရွယ် အိမ်ရှင်မ တဦးကလည်း ပြောသည်။

မှော်ဘီ ဂျီတီစီမှ ကျောင်းသားတဦးက“လူ အများစု သဘောကျထောက်ခံနေတဲ့ NLD ပါတီ မပါဝင်အောင် လုပ်ထားတဲ့အတွက် ကျနော်တို့ ဂျီတီစီ ကျောင်းသားတွေလည်း မကျေနပ်ပါဘူး၊ ကန့်ကွက်ပါတယ်”ဟု ဆိုသည်။

အဆိုပါ ဥပဒေအား မကျေနပ်ကြသူအများစုမှာ နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်းမှ ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်းဆိုသည့်အပေါ်တွင် မကျေနပ်ကြခြင်းဖြစ်ပြီး တချို့ကလည်း လက်ရှိတည်ရှိနေသော ပါတီများ ဆက်လက် တည် ထောင်လိုပါက ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့လျှောက်ထားရမည်ဆိုသည့်အချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပေါ်တွင် အကျပ်အတည်းဖြစ်စေရန် ဖိအားပေးသော အချက်ဖြစ်နေသောကြောင့် တရားမျှတမှုမရှိဟုထင်မြင်၍ မကျေနပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဖြေဆိုသူ ၃၀၀ ကျော်ထဲမှ ကျေနပ်မှုရှိကြောင်း ဖြေဆိုသူ ၈ ဦးရှိမှာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦးဖြစ်သည်။

ကျေနပ်ကြောင်း ဖြေဆိုသူများထဲမှ အသက် ၄၅ နှစ်အရွယ် လိုင်းပေါင်းစုံ မော်တော်ယာဉ် ထိန်းသိမ်းရေးကော်မတီမှ အမျိုးသား တဦးက“ကျေနပ်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထုတ်ပြန်ပြီး လူတွေ မဲပေးပြီးမှ ရေးဆွဲခဲ့တာဆိုတော့ ကျေနပ်ရမှာပေါ့၊ ငြင်း စရာလည်း မရှိပါဘူး”ဟု ဆိုသည်။

မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ အသက် ၅၀ အရွယ် စာစစ်မှူးတဦးကလည်း“မကျေနပ်စရာလည်း မရှိပါဘူး၊ ဖြစ်သင့် ဖြစ်ထိုက်တာကိုပဲ လုပ်နေကြတာပဲ၊ ကန့်ကွက်စရာလည်း မရှိဘူး”ဟု ဖြေဆိုသည်။

မဖြေဆိုရဲကြသူများကမူ သက်ဆိုင်ရာအာဏာပိုင်များ သိရှိသွားပါက စီးပွားရေးနှင့် လူမှုရေးပိုင်းတွင် တစုံတရာထိခိုက်မည်ကို ကြောက်ရွံ့သောကြောင့်ဖြစ်ကြောင်း ပြောဆိုကြသည်။

စစ်အစိုးရက မတ်လ ၉ ရက်နေ့မှစတင်၍ အစိုးရပိုင် နေ့စဉ်ထုတ် သတင်းစာများတွင် ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ များကို ယနေ့အထိ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဤသတင်းအား ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက်များ ပူးပေါင်း ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်