မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင် ငလျင် သတိပေး

E-mail Print
မြန်မာနိုင်ငံ၌ ငလျင်ကြီးများ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောများမှာ မလှုပ်ခတ်ဘဲ နှစ်များစွာကြာမြင့်နေပြီဖြစ်၍ အထူးသတိထားရန် လိုအပ်နေပြီဖြစ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်သည်။

ငလျင်ကြီးအများစု လှုပ်ခတ်သောငလျင်ကြောနေရာများမှာ ဟိုင်းကြီးကျွန်းနှင့် ကိုကိုးကျွန်းကြားနေရာနှင့် စစ်ကိုင်းငလျင်ကြော တို့ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အပျက်အစီးအများဆုံးငလျင်ဟာ စစ်ကိုင်းငလျင်ကြောဖြစ်ပါတယ်။ အသေအပျောက်များသောငလျင်ကြီးများ မလှုပ်ဘဲကြာနေ ခဲ့တာ နှစ်ပေါင်းငါးဆယ်မှ ခုနှစ်ဆယ့်ငါးနှစ်လောက်ရှိနေပါပြီ။ အဲဒီကာလဟာ မြေငလျင်ကြီးများရဲ့ သက်တမ်းထက်ကျော်နေပြီဖြစ် ပါတယ်။ ဒါကြောင့်ဒီတလျှောက်ကို သတိထားဖို့လိုတယ်လို့ မြေငလျင်ပညာရှင် ဒေါက်တာမောင်သိန်းကပြောပါတယ်” ဟု ဦးထွန်းလွင်က ပြောဆိုသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က ပြုလုပ်သော Weather Outlook For 2010 ခေါင်းစဉ်ဖြင့် ဟောပြောပွဲတွင် ဦးထွန်းလွင်က ဤကဲ့သို့ ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

ငလျင်၏သဘောသဘာဝမှာ ရစ်ခ်ျစ်တာ စကေး နည်းသော ငလျင်များများလှုပ်ပါက ငလျင်ကြီးလှုပ်ရန်စိုးရိမ်စရာမရှိကြောင်း ၎င်းက ပြောသည်။

စစ်ကိုင်းငလျင်ကြောတွင် လှုပ်မည်ဆိုပါက လူအသေအပျောက်များခြင်း၊ ပျက်စီးဆုံးရှုံးခြင်းများ ရှိမည် ဖြစ်ပြီး မြို့အများစုမှာ စစ်ကိုင်း ငလျင်ကြောပေါ်တွင်တည်ရှိနေ၍ အထူးသတိရှိရန်လိုအပ်ကြောင်းလည်း ဦးထွန်းလွင် ကဆိုသည်။

“အဲဒီမှာသွားမလှုပ်လိုက်နဲ့ လှုပ်လိုက်လို့ကတော့ နာဂစ်လိုပဲ၊ ပွဲခင်းထဲခဲပစ်သလို ထိမှာပဲ”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံမှ ငလျင်ပညာရှင် တဦးကလည်း“ငလျင်ကိုလေ့လာကြည့်ရင် အားအပြင်းဆုံးငလျင်၊ အပျက်အစီးအများဆုံးငလျင် နှစ်မြို့က တထပ်တည်း မကျပါဘူး၊ ငလျင်က အားကြီးရင်ကြီးမယ်၊ ပျက်စရာ ဖျက်စရာမရှိလို့ကတော့ ဘာမှမပျက်စီးပါဘူး။ ဥပမာ ချင်းပြည် နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းလှုပ်၊ ရှမ်းပြည်နယ်လှုပ် သေချာတာက လူများများမသေပါဘူး”ဟု ပြောသည်။

လွန်ခဲ့သော ၁၉၇၅ ခုနှစ်က မန္တလေးတိုင်း ပုဂံဒေသတွင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ဖူးသည်။

ဦးထွန်းလွင်က ဆက်လက်ပြီး၂၀၁၀ အတွင်း မြန်မာနိုင်ငံ၏ ရာသီဥတုမှာလည်း၂ ဒီဂရီမှ ၃ ဒီဂရီစင်တီဂရိတ် အထိ အပူချိန်မြင့် တက်မည် ဖြစ်ပြီး မိုးရေချိန်မှာလည်း ၂၀ မှ ၃၀ ရာခိုင်နှုန်း လျော့နည်းဖွယ်ရှိကြောင်း ပြောဆိုသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လေဆင်နှာမောင်း၊ မိုးကြိုးပစ်၊ မိုးသီးကြွေ၊ နေရာကွက်မိုးကြီးမှု၊ မြေပြိုမှုနှင့် လျှပ်တပြက် ရေကြီးမှု များမှာ ယခင်နှစ်များထက်အဆပေါင်းများစွာတိုး၍ ပိုမိုဖြစ်ပွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်မိုးကြိုးပစ်၍သေဆုံးမှုမှာ တနှစ်လျှင် သေဆုံးသူဦးရေ ၁၀၀ အထက်တွင် ရှိကြောင်း မိုးလေ၀သပညာရှင်တဦးကလည်း ဆိုသည်။

လေဆင်နှာမောင်း နောက်ဆုံးတိုက်ခတ်မှုမှာ ၁၉၅၇ ခုနှစ်ကဖြစ်ခဲ့ပြီး ယင်းနောက်ပိုင်းနှစ်ပေါင်း ငါးဆယ်နီးပါးကြာမြင့်ပြီး၂၀၀၆ ခုနှစ်မှ စတင်တိုက်ခတ်ခြင်း ဖြစ်ကြောင်းသိရသည်။
လေဆင်နှာမောင်းတိုက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများသည် ရာသီဥတုဖောက်ပြန်နေ၍ ဖြစ်ကြောင်း ဦးထွန်းလွင်က ပြောသည်။

အဆိုပါ မိုးလေ၀သပညာရှင် ဦးထွန်းလွင်သည် ၂၀၀၉ ခု ဇွန်လအတွင်းတွင် မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ(မိုး/ဇလ) ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်မှ ရပ်ဆိုင်းခံခဲ့ရသူဖြစ်သည်။

၎င်း တာဝန်မှ ရပ်ဆိုင်းခံရခြင်းအကြောင်းမှာ နေပြည်တော်တွင် တိုက်ခတ်သွားသော လေပြင်း မုန်တိုင်းကိစ္စ ကြိုတင်သတိပေး ခြင်းမရှိသောကြောင့် ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ဦးထွန်းလွင်ကို လူပေါင်းသိန်းချီသေဆုံးခဲ့သည့် ၂၀၀၈ မေလက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ မိုးလေ၀သ ဆိုင်ရာ သတင်းအချက်အလက်များကို မှန်ကန်တိကျစွာ မဖော်ပြဘဲ ထိန်ချန်ခဲ့သည်ဟု အများက စွပ်စွဲခဲ့သည်။

ယင်း၂၀၀၈ ခုနှစ် မေလဆန်းက နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံခဲ့ရသည့် မြန်မာနိုင်ငံ၏ စပါးကျီဟုတင်စားခေါ်နေသော ဧရာဝတီ တိုင်းတွင် ရာသီဥတုဖောက်ပြန်မှုများ ရှိလာ၍ စိုက်ပျိုးရေး၊ သောက်သုံးရေစသည့် အခြေအနေများ ဆိုးရွားနေသော ကြောင့် မိုးလေ၀သနှင့်ဇလဗေဒ ပညာရှင်များက လေ့လာမှု ပြုလုပ်နေကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်တို့တွင် ၂၀၀၈ ခုနှစ် မေလဆန်းက တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်း ဒဏ်ကြောင့် လူပေါင်း ၁ သိန်း ၃ သောင်းကျော်သေဆုံးခဲ့ရပြီး အိမ်ခြေ ၈ သိန်းခန့် ပျက်စီးသွားကြောင်း ကုလသမဂ္ဂ၊ အာဆီယံနှင့် စစ်အစိုးရတို့ ပူးပေါင်းဖွဲ့စည်းထားသော သုံးပွင့်ဆိုင် ဗဟိုအဖွဲ့(TCG) ၏ ပွန်ဂျာ (PONJA) အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်