ဝန်ကြီးဌာနများ e-Government စနစ် အကောင်အထည် ဖော်မည်

E-mail Print
စစ်အစိုးရ ၀န်ကြီးဌာန အားလုံးတွင်၂၀၁၀ ပြည့်နှစ် အတွင်း e-Government စနစ် အကောင် အထည်ဖော်ရန် စီစဉ်နေကြောင်း သိရှိရသည်။

အစိုးရ ၀န်ကြီးဌာန ၃၂ ခုလုံး၌ e-Government ကို ကျင့်သုံးမည်ဟု ညွှန်ကြားချက် ရှိကြောင်း၊ လက်ရှိ အချိန်ထိ ၀န်ကြီးဌာန ၉ ခုတွင် စတင် အသုံးပြုနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များ အသင်းက ပြောသည်။

အဆိုပါ ၀န်ကြီးဌာနများ အတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကသာ အဆင်ပြေစွာနှင့် တွင်ကျယ်စွာ အသုံးပြု နိုင်ပြီး တခြားဝန်ကြီးဌာနများတွင်မူ ဆော့ဖ်ဝဲပိုင်းဆိုင်ရာ အဆင်မပြေမှုတချို့နှင့် ၀န်ထမ်းများ၏ အိုင်တီကျွမ်းကျင်မှု နည်းပါးခြင်းတို့ ကြောင့် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

“စီးပွား ကူးသန်း ၀န်ကြီးဌာနကတော့ သုံးနေပါပြီ၊ ဒီဌာနမှာ e-Government System သုံးမျိုးလောက် အထိလက်ရှိ အသုံးပြု နေကြပါတယ်၊ ကျန်တဲ့ဌာနတွေမှာတော့ အခက်အခဲလေးတွေ လိုအပ်ချက်တွေ ရှိပါသေးတယ်၊ ဆော့ဖ်ဝဲ ကုမ္ပဏီတွေ ဘက် ကလည်း အားနည်းတဲ့အပိုင်းတွေ လိုအပ်ချက်တွေ ရှိပါသေးတယ်”ဟု အိုင်တီ ပညာရှင်တဦးက ပြောဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အီလက်ထရွှန်းနစ်ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံလိုအပ်ချက်များပြည့်စုံမှု မရှိသည့်အပြင်
နည်းပညာအားနည်းချက်များလည်း ရှိသေးသောကြောင့် မြန်မာနိုင်ငံအတွက် အဆင်မပြေနိုင်သေးကြောင်း၊ ၀န်ကြီးဌာနများက လည်း အသုံးပြုနိုင်ဦးမည် မဟုတ်ကြောင်း သူက သုံးသပ်ပြောဆိုသည်။

“e-Government နဲ့ပတ်သက်ပြီး ဘာတွေလုပ်တယ်၊ ဘယ်လိုတွေရှိတယ်ဆိုတာကို ၀န်ကြီးဌာနတွေက တာဝန်ရှိသူတွေကိုဖိတ်ပြီး ပြသရှင်းလင်းခဲ့ပါတယ်။ သူတို့ဘက်ကလည်း စိတ်ဝင်တစားလာကြည့်တာတွေရှိပါ တယ်။ ဒါပေမယ့် လိုအပ်ချက်တွေ ရှိနေပါ တယ်၊ အသုံးပြုဖို့အတွက် ၀န်ကြီးဌာနတွေအနေနဲ့ အဆင်သင့်မဖြစ်သေးပါဘူး”ဟု မြန်မာနိုင်ငံ ကွန်ပျုတာပညာရှင်များအသင်းမှ
တာဝန်ရှိသူ တဦးက ပြောဆိုသည်။

ပြည်တွင်း ကွန်ပျူတာ ဆော့ဖ်ဝဲ ကုမ္ပဏီများအနေဖြင့် အစိုးရ၀န်ကြီးဌာနအသီးသီးမှ သက်ဆိုင်ရာတာဝန်ရှိသူများအားဖိတ်ကြား၍ ဖေဖော်ဝါရီလ၂၆ ရက်နေ့ကနေ၂၈ ရက်နေ့အထိ ကျင်းပခဲ့သော့ software and Solution Exhidition 2010 ပြပွဲတွင် ဆော့ဖ်ဝဲ များကို ပြသခဲ့ကြောင်း ပြပွဲ တာဝန်ရှိသူများကပြောသည်။

e-Government စနစ်ပြုလုပ်ရန်အတွက် လိုအပ်သော Products အများအပြားရှိနေပြီး ကျွမ်းကျင်သော ၀န်ထမ်းများနှင့် နည်း ပညာအသုံးချမှုအတွက်လည်း လေ့ကျင့်ပေးရန်လိုအပ်နေသေးကြောင်း၊ လက်ရှိဆော့ဖ်ဝဲရေးသားလျက် ရှိသော ကုမ္ပဏီ များမှာ Inforithm-maze, Gusto, ACE, MCC, MTG, Conocoridia, MIT, Creative, Prine, Boss နှင့် MPT တို့ ဖြစ်ကြောင်း သိရှိရ သည်။

“၂၀၁၀မှာ e-Government စနစ်နဲ့ သွားမယ်လို့သာ ပြောနေတာ၊ လျှပ်စစ်မီးပုံမှန်မရရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး၊ အဲဒီ စနစ်က ၂၄ နာရီလုံး မီးရနေမှ အဆင်ပြေနိုင်တာပါ။  ပြီးတော့ မြန်မာနိုင်ငံရဲ့လက်ရှိသုံးနေတဲ့ အင်တာနက် မြန်နှုန်းနဲ့လည်း အဆင်မပြေနိုင်သေးပါဘူး၊ ပြောရရင် e-Governmentဆိုတာ ရိုးသားတဲ့ အစိုးရအတွက်ပဲ ကောင်းတာဆိုတော့ အခုလိုမျိုး အခြေအနေနဲ့ဆို ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး”ဟု အထက်ပါ အိုင်တီပညာရှင်က သုံးသပ်သည်။


လက်ရှိဝန်ကြီးဌာန ၉ ခုတွင် အသုံးပြုလျက်ရှိသော e-Government စနစ်မှာ EBIS(Employee Bio Data Information System)ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အလုပ်သမား ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တို့တွင် အသုံးပြုလျက်ရှိပြီး၊ IIS(Internal Information System)ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေး ၀န်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ DEMS(Document Exchange & Management System)ကို စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၊
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ဆည်မြောင်း ၀န်ကြီးဌာန၊ အမှတ်(၂)လျှပ်စစ်စွမ်းအား  ၀န်ကြီးဌာနနှင့် IIS(Internal Information System)ကို အလုပ်သမားဝန်ကြီးဌာနတို့တွင် အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

e-Government စနစ်ဆိုသည်မှာ ယေဘုယျ အားဖြင့် အီလက်ထရွန်နစ်စနစ်ကို အသုံးပြု၍လုပ်ငန်းများ စီမံခန့်ခွဲမှုပြုရသော စနစ်တရပ်ဖြစ်ကြောင်း၊ အဖွဲ့အစည်းတခု၏ လုပ်ငန်းများကို ကွန်ပျူတာစနစ်ဖြင့် ပြောင်းလဲကျင့်သုံးသည့် စနစ်မျိုးဖြစ်ကြောင်း၊ အဆိုပါစနစ်တွင် စာရွက်စာတမ်းများ၊ သတင်း အချက်အလက်များဖလှယ်နိုင်သည့် ရုံးတွင်း သတင်း အချက်အလက်စနစ်၊ အစီရင်ခံစာများ၊ ညွှန်ကြားချက်များကို ဌာနဆိုင်ရာများတွင် လက်ရှိကျင့်သုံးနေသည့် မူရင်းပုံစံမပျက်စေဘဲ အိုင်စီတီနည်းပညာ သုံးစွဲ၍ ပိုမိုထိရောက် လွယ်ကူလျှင်မြန်စွာ အသုံးပြုနိုင်သောစနစ်နှင့် ၀န်ထမ်းများ၏ ကိုယ်ရေး အချက်အလက်များကို သိမ်း ဆည်းထားပြီး စီမံခန့်ခွဲနိုင်သော ၀န်ထမ်းအချက်အလက်မှတ်တမ်းစနစ် စသည်များပါဝင်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် များအသင်းမှ  အိုင်တီပညာရှင်များက ပြောသည်။

လက်ရှိ အစိုးရ၀န်ကြီးဌာနများတွင် ကွန်ပျူတာအသုံးပြုနိုင်မှု ပမာဏမှာ အနည်းငယ်သာရှိပြီး ကျွမ်းကျင် ၀န်ထမ်းမှာလည်း ရှားပါး ကြောင်း၊ ထို့အပြင် သက်ဆိုင်ရာ ခရိုင်ရုံးများနှင့် မြို့နယ်ရုံးများတွင်မူ ကွန်ပျူတာစနစ် သုံးစွဲသည်ကိုမတွေ့ရသေးကြောင်း၊ e-Government၊ e-commerce စနစ်ကို သုံးရန်အတွက် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်းလည်း အိုင်တီပညာရှင်များက ပြော သည်။

“စင်ကာပူလို နိုင်ငံမျိုးမှာတောင် အချိန်ယူခဲ့ရတာဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံအတွက်ကတော့ စနစ်တကျနဲ့ အသုံးပြုနိုင်ဖို့ ဆိုတာ လိုပါသေးတယ်”ဟု အထက်ပါ အိုင်တီပညာရှင်က သုံးသပ်ပြောဆိုသည်။

အစိုးရ၀န်ကြီးဌာန၊ ရုံးဌာနအဖွဲ့အစည်းများအတွင်း၌ e-Government၊ e-commerce စနစ်များ ပြုလုပ်မည်ဆိုပါက သတင်း အချက် အလက် ပိုမိုလုံခြုံစိတ်ချမှုရရှိစေရန်အတွက် ဒစ်ဂျစ်တယ်လ် သက်သေခံလက်မှတ်များကို တိကျစွာသုံးရန်လိုအပ်ကြောင်း အိုင်တီ ပညာရှင်များက ဆိုသည်။

ဒစ်ဂျစ်တယ်လ် သက်သေခံလက်မှတ် Digital Certificate ဆိုသည်မှာ အီလက်ထရွန်နစ်မှတ်ပုံတင် လက်မှတ်တခုဖြစ်ပြီ ယင်း မှတ်ပုံတင်လက်မှတ်ပိုင်ရှင်သည် မည်သူ၊ မည်ဝါဖြစ်ကြောင်း ဖော်ပြထားသောအချက် အလက်များရေးသွင်းထားသည့် အီလက် ထရွန်နစ်မှတ်တမ်းတမျိုးဖြစ်သည့်အပြင် ထိုလက်မှတ်အား ရတနာပုံတယ်လီပို့ ကုမ္ပဏီမှ ထုတ်ပေးရန်ရှိကြောင်း သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်