နိုင်ငံရေး ပါတီ ၇ ဖွဲ့မှတ်ပုံတင်ရန် စောင့်ဆိုင်းနေ

E-mail Print
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို စစ်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် နိုင်ငံရေးပါတီ ၇ ဖွဲ့ခန့်က မှတ်ပုံတင်ရန် အတွက် ပြင်ဆင်ထားကြောင်း ၎င်းပါတီများမှ တာဝန်ရှိသူများက ပြောသည်။

နိုင်ငံရေးပါတီ အသစ်များ မှတ်ပုံတင်ရမည့် နေ့ရက်နှင့် ပတ်သက်ပြီး ယင်း ဥပဒေ က ဖော်ပြထားခြင်း မရှိသေးသော်လည်း အသစ် ဖွဲ့စည်းမည့် နိုင်ငံရေး ပါတီများ အနေဖြင့် ယခုလကုန်ပိုင်းနှင့် ဧပြီလအတွင်း မှတ်ပုံတင်ရန် စီစဉ်ထားသည်ဟု အမျိုးသား နိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ်မှ သဘာပတိ အဖွဲ့ဝင် ဦးကြည်ဝင်းက ဧရာဝတီသို့ ပြောသည်။ 

election_commissionအမျိုးသား နိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ် အပါအ၀င် ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း( ကြံဖွံ့)၊ ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ် အဖွဲ့ စသည့် နိုင်ငံရေး ပါတီ ၇ဖွဲ့ခန့်က မှတ်ပုံတင်ရန် အစီအစဉ်ရှိကြောင်း ၎င်း ဆိုသည်။

ရန်ကုန်မြို့ရှိ အစိုးရနှင့် နီးစပ်သူတဦးကလည်း ၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ရန်အတွက် ကြံ့ဖွံ့ အဖွဲ့က ပါတီ ၃ ခုဖွဲ့စည်းရန် သတင်းများ ထွက်ပေါ်နေသည်ဟု ပြောသည်။

“ကြံ့ဖွံ့က ၃ပါတီ ဖွဲ့မယ်လို့ ကျနော်တို့ကြားတယ်၊ ဒါပေမယ့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)ကတော့ သူတို့ လှုပ်ရှားမှုတွေကို မတွေ့ရသေးဘူး၊ လွန်ခဲ့တလက လှည်းကူးမြို့နယ်ဘက်မှာ စည်းရုံးရေး ဆင်းနေတာကိုတော့တွေ့ရတယ်”ဟု ၎င်းက ဆိုသည်။

တစည ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ နဝတ စစ်အစိုးရက လွှတ်တော်တွင် အမတ်နေရာ ရရှိရေးအတွက် မဆလ ပါတီ လူဟောင်းများကို အသုံးပြုကာ ရွေးကောက်ပွဲ ဝင်ခဲ့ဖူးသည်။

ဒီမိုကရက်တစ်ပါတီမှ ဒေါ်သန်းသန်းနုက ပါတီမှတ်ပုံတင် ဖြစ်ပါက ယခုလအတွင်း တင်ဖြစ်မည် ဖြစ်ကြောင်း၊ ယခုလက်ရှိ ရွေး  ကောက်ပွဲ ဥပဒေများကို လေ့လာနေကြောင်း ပြောသည်။

ယင်း ဒီမိုကရက်တစ် ပါတီကို ၀ါရင့် နိုင်ငံရေးသမားကြီး ဦးသုဝေက ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်း၌ ယခင် ပါလီမန် ဒီမို ကရေစီခေတ် ၀န်ကြီးချုပ်များ ဖြစ်ခဲ့သည့် ဦးနု ၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့၏ သားသမီးများဖြစ်သော ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချို ကျော်ငြိမ်းနှင့် ဒေါ်နေရီဗဆွေ တို့ ဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ အဖြစ်တာဝန်ယူ ဆောင်ရွက်သည်။

ပါတီ မှတ်ပုံတင်ရန် အတွက် ဗဟိုဦးစီး အဖွဲ့ဝင်များနှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ မကြာခင်ရက်ပိုင်းက အစည်းအဝေး ပြုလုပ်၍ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ပြည်ထောင်စု မြန်မာနိုင်ငံနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ပါတီ နာမည်များဖြင့် တင်ရန် စီစဉ်ထားသည်ဟု ၎င်း အဖွဲ့များ၏ ခေါင်းဆောင် ကိုအေးလွင်က ဆိုသည်။

“ပါတီ အလံကျတော့ ကျနော်တို့က ဒီ ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ပြည်ထောင်စု မြန်မာနိုင်ငံ အတွက် ခွပ်ဒေါင်း အလံ ကို သုံးတယ်၊ နောက်ခံ အနီရောင်၊ ပါတီ တံဆိပ် အနေနဲ့ကတော့ ခွပ်ဒေါင်း တခုအနေနဲ့ပဲ သုံးတယ်၊ နောက်တခါ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် အလံကတော့ အပေါ်က အ၀ါ၊ အလည်က အစိမ်း၊ အောက်က အနီလေ သုံးရောင်ချယ်၊ ပါတီ တံဆိပ်အနေနဲ့ကတော့ အစိမ်းရောင်နဲ့ အဲဒီ ကဒေါင်းလေးကိုပဲ သုံးလိုက်တယ်”ဟု ၎င်းက ရှင်းပြသည်။

ထိုသို့ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူများရှိနေသော်လည်း အဓိက နိုင်ငံရေး ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှာအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော တိုင်းရင်းသားပါတီတချို့က ရွေး ကောက်ပွဲဝင်ရန် ဆန္ဒမရှိဖြစ်နေကြောင်းလည်း သိရသည်။

ဥပဒေတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အရ တည်ရှိနေသော ပါတီများသည် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားမည်ဟု ပါရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်