ရွှေတိုင်ညွန့် ရာပြည့် အမှတ်တရ ဖျော်ဖြေပွဲ ကျင်းပမည်

E-mail Print
မြန်မာနိုင်ငံ၏ ဂန္ထ၀င် ဂီတစာဆိုတော်ကြီး တဦးဖြစ်သည့် ရွှေတိုင်ညွန့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂီတ ဖျော်ဖြေပွဲကို မတ်လ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့များ၌ ရန်ကုန်မြို့ အမျိုးသား ဇာတ်ရုံတွင် ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး နယက ဗိုလ်ကလေး တင့်အောင်က ပြောကြားသည်။

ယင်းဖျော်ဖြေပွဲတွင် ရွှေတိုင်ညွန့်၏ တေးသီချင်းများကို မြေးတော်စပ်သူ ရော့ခ် အဆိုတော် ဇော်ဝင်းထွဋ်က သီဆိုရန် စီစဉ်နေကြောင်း သိရသည်။

ရွှေတိုင်ညွန့်၏ ဇာတိမာန် သီချင်းဖြစ်သည့် နဂါးနီ တေးသီချင်းကို ဇော်ဝင်းထွဋ်က ၎င်း၏ သားဖြစ်သူ အီတိုးနှင့် တွဲဖက်သီဆိုရန် စီစဉ် ထားကြောင်း ပြောသည်။

“မြန်မာ သံစဉ်တွေကို လက်ဆင့် ကမ်းပေးတဲ့ သဘော ဖြစ်ပါတယ်၊ မြန်မာ သီချင်းကို မြန်မာတွေ ဘယ်တော့မဆို နားထောင် နေရမယ် ဆိုတဲ့ သဘောနဲ့ ဒီပွဲမှာ ပါဝင်တာ ဖြစ်ပါတယ်”ဟု ဇော်ဝင်းထွဋ်က ဆိုသည်။

ရွှေတိုင်ညွန့် အမှတ်တရပွဲတွင် မြန်မာသံ အဆိုတော်များ ဖြစ်သည့် ကိုမင်းနောင်၊ မောင်မောင်ကြီး၊ ကေတုဝင်းထွဋ်၊ တင်ဦးလေး စသော အဆိုတော်များ ပါဝင်ပြီး စတီရီယို အဆိုကျော်များ ဖြစ်သည့် ဇော်ဝင်းထွဋ်၊ စည်သူလွင်၊ ချစ်ကောင်း၊ အီတိုး၊ ဟဲလေး၊ ထွန်းအိန္ဒြာဗို၊ ဟေမာနေ၀င်း၊ ချောစုခင် စသော အဆိုတော် များကလည်း ရွှေတိုင်ညွန့် တေးသီချင်းများကို သီဆိုကြမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ မောင်မောင်အေး (အင်္လကာဝတ်ရည်) က ပြောပြသည်။

“အဲဒီပွဲမှာ ဆိုတဲ့ သီချင်းတိုင်းမှာ ရုပ်ရှင် သရုပ်ဆောင်တွေက သရုပ်ဖော် တင်ဆက်သွားပါမယ်၊ ဆရာရွှေတိုင်ညွန့် ရေးခဲ့တဲ့ သီချင်း တွေထဲက မှတ်မှတ်ရရ ဖြစ်စေမယ့် သီချင်းတွေကို တင်ဆက် သွားပါမယ်၊ ဆရာ့သီချင်း အပုဒ် ၃၀ လောက်ပါတဲ့ စီတီခွေတွေ ကိုလည်း လက်ဆောင် အဖြစ် ဝေငှပေးသွား ပါမယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ နှစ်တရာ ပြည့်ပွဲအတွက် ၀င်ကြေး လက်မှတ်ခကို ကျပ် ၂၀၀၀၀၊ ၁၅၀၀၀၊ ၁၀၀၀၀၊ ၈၀၀၀၊ ၅၀၀၀ သတ်မှတ် ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် အတွင်းက ရွှေတိုင်ညွန့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် စာအုပ် ထုတ်ဝေ ထားသည်။

ဂန္ထ၀င်ဂီတစာဆို ရွှေတိုင်ညွန့်ကို မြန်မာသက္ကရာဇ် ၁၂၇၀ ပြည့်နှစ်၊ ခရစ်နှစ် ၁၉၀၉ ခုနှစ်တွင် အဘ လူရွှင်တော်ကြီး ဦးကြင်ခဲနှင့် အမိ ဒေါ်အေးမျှင်တို့က ရန်ကုန်မြို့ ကြည့်မြင်တိုင် နယ်မြေ ထီးတန်း ဈေးကလေး အရပ်တွင် မွေးဖွားခဲ့ပြီး ၁၉၄၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ အသက် ၃၆ နှစ် အရွယ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ဆရာရွှေတိုင်ညွန့်သည် ၎င်းကွယ်လွန်ချိန် အထိ ဓာတ်ပြား တေးသီချင်း အပုဒ် ၂၀၀ ကျော် ရေးဖွဲ့ခဲ့ပြီး နဂါးနီ၊ စကြာမင်း၊ အလှူတော် မင်္ဂလာ၊ ပါတော်မူ သီချင်း၊ အောင်သပြေ၊ တပ်မတော် အင်အား စသော တေးသီချင်းများမှာ နာမည်ကျော်ခဲ့သည်။

တပ်မတော် အင်အား သီချင်းမှာ ဂျပန်ခေတ် ဖက်ဆစ် တော်လှန်ရေး စခါနီး ဆရာရွှေတိုင်ညွန့် မကျန်းမာနေစဉ် နောက်ဆုံး ရေးသား သွားသော သီချင်း ဖြစ်သည် ဟုလည်း သိရသည်။

ရွှေတိုင်ညွှန့်သည် နိုင်ငံနှင့် ပတ်သတ်သော လူမျိုးနှင့် ပတ်သတ်သော သီချင်းပေါင်း များစွာကို ရေးသားခဲ့ပြီး မြန်မာနိုင်ငံ သူ့ကျွန် ဘ၀ ရောက်စဉ်က ပြည်သူလူထု လွတ်လပ်ချင်စိတ် ပေါ်ပေါက်လာစေရန် နယ်ချဲ့ တော်လှန်ရေး တေးသီချင်းများ ရေးသားခဲ့သူ ဖြစ်ကြောင်း ဗိုလ်ကလေး တင့်အောင်က ဆိုသည်။

ရွှေတိုင်ညွန့် ကွယ်လွန်ချိန်တွင် ဇနီးဒေါ်သောင်းစိန်မှ မောင်စိုးရှိန် (ဂီတစာဆို ကိုမျိုးဆက်)၊ မောင်တိုင်းကျော် (လူရွှင်တော် တိုင်းကျော်) တို့ ကျန်ရစ်ခဲ့ပြီး ဇနီး ရတနာပုံ တင်စိန်မှ မယဉ်မြ၊ မယဉ်လှ၊ အဆိုတော် ထား (ဇော်ဝင်းထွဋ် အမေ) တို့ ကျန်ရစ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်