ရှားပါးတိရစ္ဆာန် မှောင်ခိုရောင်းချမှု များပြားလာ

E-mail Print
တရုတ်နိုင်ငံရှိ တောရိုင်း တိရစ္ဆာန် မှောင်ခို ဈေးကွက်တွင် မြန်မာနိုင်ငံမှ ရှားပါးတိရစ္ဆာန်များ ရောင်းချမှုပိုမို များပြား လာကြောင်း ယမန်နေ့က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ (TRAFFIC) ၏ ထုတ်ပြန် ကြေညာ ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အဖွဲ့၏ လေ့လာချက်အရ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) အထူးဒေသ ၄ အဖွဲ့ အခြေစိုက်သည့် မိုင်းလား မြို့တွင် ရှားပါး တောရိုင်း တိရစ္ဆာန်များ၏ ခန္ဓာကိုယ် အစိတ် အပိုင်းများကို တရားဝင် ရောင်းချ နေကြောင်း အဖွဲ့၏ တာဝန်ရှိသူ ဇူလင်းက အစီရင် ခံစာတွင် ပြောကြား ထားသည်။

“မိုင်းလား အားကစား ကွင်းနားမှာ မြန်မာ စကားပြောတဲ့ တရုတ် လင်မယား ရောင်းတဲ့ ဆိုင်မှာ ကျားရိုးကနေ ထုတ်တဲ့ အားတိုးစေတဲ့ တိုင်းရင်းဆေး အရက်တွေကို ရောင်းနေတာ တွေ့ရတယ်”ဟု ၎င်းက ဆိုသည်။

၃၃၅ ဂရမ်ပါ ကျားရိုးအရက် အားတိုးဆေး တလုံးလျှင် အမေရိကန်ငွေ ၈၈ ဒေါ်လာ၊ ၇၀၀ ဂရမ်လျှင် ၁၇၆ ဒေါ်လာဖြင့် ရောင်းချကြောင်း၊ ၀ယ်ယူသူ အများစုမှာ တရုတ်နိုင်ငံမှ ဖြစ်ပြီး တယ်လီဖုန်းဖြင့်လည်း မှာကြား ကြကြောင်း၊ အရောက် ပို့ပေးသည့် စနစ်ဖြင့်လည်း အရောင်းအ၀ယ် လုပ်ကြောင်း မစ္စတာ ဇူလင်းက ပြောသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ မြို့ကြီး ၃ မြို့နှင့် မြန်မာနိုင်ငံဘက်ခြမ်းရှိ မူဆယ်မြို့များတွင် မျိုးတုံး ပျောက်ကွယ်တော့မည့် တောရိုင်း တိရစ္ဆာန်များကို ရောင်းဝယ်နေကြောင်း၊ ကျားသစ် အရေခွံတခုလျှင် ၁၄၇ ဒေါ်လာ၊ ဆင်အရေခွံ တခုလျှင် ၁၁၇ ဒေါ်လာ၊ ၀က်ဝံ သည်းခြေ ၃ ခုလျှင် ၁၁၇ ဒေါ်လာ ဈေးပေါက်သည်ဟု ရေးသားထားသည်။

ရန်ကုန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် စာစောင်မှ အယ်ဒီတာတဦးကလည်း“ဒီနေ့ကမ္ဘာကြီး ဟာ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအပါအ၀င် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကို အများကြီးရင်ဆိုင်နေရတယ်၊ ကျားဆိုတာ မြန်မာနိုင်ငံမှာ အတော်ကို ရှားပါးနေပြီ”ဟု ဧရာဝတီသို့ပြောသည်။

ကချင်ပြည်နယ် လိုင်ဇာမြို့ဈေးတန်းများတွင်လည်း တောရိုင်းတိရစ္ဆာန် ကိုယ်ခန္ဓာအစိတ်အပိုင်းမျိုးစုံ ရောင်းဝယ်မှုများရှိကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်ပြည်တွင်သာ ထိုရောင်းဝယ်မှုများကို  ပြင်းထန်စွာ အရေးယူကြောင်း၊ အပစ်အခတ်ရပ်စဲရေး အဖွဲ့များ ထိန်းချုပ်ထားသည့် နေရာများတွင်မူ တောရိုင်းတိရစ္ဆာန်များနှင့် ပတ်သက်၍ အရေးယူသည့် ဥပဒေ မရှိကြောင်း တရုတ်မြန်မာ နယ်စပ်ရှိ ကုန်သည်တဦးက ပြောသည်။

“ဒေသခံတွေ အနေနဲ့က ဒါမှမလုပ်ရင် တခြားစီးပွားရေးမလုပ်တတ်တော့ ဒါပဲလုပ်ရတာပေါ့၊ ရိုးရာလိုဖြစ်နေပြီ”ဟု ၎င်းကဆိုသည်။

နယ်စပ်ဒေသရှိ စားသောက်ဆိုင်များတွင် တားမြစ်ထားသည့် တောရိုင်းတိရစ္ဆာန်များ၏ အသားများကို စားသုံးနိုင်သည်ဟုပင် စာ ရေး၍ ကြေညာထားကြောင်း၊ ကျားရိုးသည် တရုတ်ရိုးရာ၊ တိုင်းရင်းသားရိုးရာ ဆေးဝါးများတွင် ယောင်ယမ်းခြင်း၊ အဆစ်အမြစ် ကိုက်ခဲခြင်းရောဂါများအတွက် ဆေးဖော်ကြောင်း၊ ကျားတန်ဆာကိုပင် အားဆေးအဖြစ် အသုံးပြုကြောင်း အဆိုပါကုန်သည်က ရှင်းပြသည်။

မကြာသေးမီကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော မြို့နယ်များ၌ စစ်အစိုးရ စစ်တပ်၏ ဆင်ဖြူတော် ရှာဖွေရေး စီမံကိန်းတွင် တခြားသော တောဆင်ရိုင်းများကိုပါ ဖမ်းဆီးပြီး ဆင်စွယ်များဖြတ်၍ ပြည်ပသို့ တရားမ၀င် ရောင်းချမှုများ ပြုလုပ်နေ ကြောင်း သတင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီး ရောင်းဝယ်ခြင်းသည် ၁၉၈၈ ခုနှစ် နောက်ပိုင်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်း များ စတင်လုပ်ဆောင်ချိန်တွင် ပိုမိုများပြားလာကြောင်း၊ သင်းခွေချပ်၊ လိပ်၊မြွေ နှင့်ကြက်တူရွေး စသည့်တောရိုင်းတိရစ္ဆာန်များကို တရုတ်ပြည်သို့ တင်ပို့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဟူးကောင်း ဘေးမဲ့သစ်တောကြိုးဝိုင်း၊ အလောင်းတော် ကဿပ ဘေးမဲ့ ကြိုးဝိုင်း၊ ကျိုက်ထီးရိုးဘေးမဲ့ကြိုးဝိုင်း၊ ရွှေစက်တော် ဘေးမဲ့ကြိုးဝိုင်း၊ လှော်ကားဘေးမဲ့တော စသည်ဖြင့် သတ်မှတ်၍ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးကို ပြုလုပ်နေသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်