ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု စတင်

E-mail Print
စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသား သတင်းထောက်များ ကလပ် (FCCT) တွင် ပြုလုပ်သည်။

ရွေးကောက်ပွဲ ဥပဒေတွင် ဒေါ်အောင်ဆန်း စုကြည်၊ ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး အစရှိသော အဓိကပါဝင် ရမည့် သူများကို ပါဝင်ခွင့် မရရန် ကန့်သတ် ထားသည့် အတွက် ယင်း ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ် သောကြောင့် ဆန့်ကျင် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ယခုသတင်းစာ ရှင်းလင်းပွဲ ကျင်းပသည့် Global Campaign on Burma’s 2010 Military Elections အဖွဲ့ က ရှင်းလင်းသည်။

အဆိုပါ အဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ ဦးသိန်းဦးက “နအဖရဲ့ ရွေးကောက်ပွဲ ဥပဒေကို ပြည်တွင်း ပြည်ပရှိ အဖွဲ့ အစည်းတွေရော နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ ဆန့်ကျင်ရမယ်။ ရွေးကောက်ပွဲ ရလဒ်ကိုလည်း အသိအမှတ်မပြုသင့်ဘူး။ မြန်မာ့နိုင်ငံရေးအတွက် သော့ချက် ကျတဲ့ ပုဂ္ဂိုလ်တွေကို ဖယ်ထုတ်ပြီးကျင်းပမယ့် ရွေးကောက်ပွဲက ဘယ်လိုမှ တရားမျှတမှုရှိမှာမဟုတ်လို့ ဆန့်ကျင်ကြဖို့ ကျနော်တို့ ဒီလှုပ်ရှားမှုကို လုပ်တာ ပါ”ဟု ဧရာဝတီသို့ ပြောသည်။

ဦးသိန်းဦးသည် ပြည်သူ့ လွှတ်တော် အမတ်များ သမဂ္ဂ (M.P.U) ၏ အတွင်းရေးမှူးလည်း ဖြစ်သည်။

Global Campaign on Burma’s 2010 Military Elections အဖွဲ့သည်  ပြည်သူ့လွှတ်တော် အမတ်များ သမဂ္ဂ(MPU)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့်  Forum for Democracy in Burma ကဲ့သို့ သော ပြည်ပအခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေသောအဖွဲ့များနှင့် နိုင်ငံတကာအဖွဲ့များ အပါအ၀င် အဖွဲ့ပေါင်း ၁၅၀ ခန့် ပါဝင် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်သည်။

KNU အထွေထွေ အတွင်းရေးမှူး နော်စီရာဖိုးစိန်ကလည်း စစ်အစိုးရ၏၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာ ပြည်သူ တရပ်လုံးကို စစ်ကျွန်ဘ၀ သွတ်သွင်းမည့် အကြံအစည်ဖြစ်သကဲ့သို့ တိုင်းရင်းသားများ၏ ဘ၀ကို လည်း ပိုမို၍ ဒုက္ခပင်လယ်ဝေစေသောကြောင့် တိုင်းရင်းသားများ အဖွဲ့ အစည်းများအနေဖြင့်၂၀၁၀ ရွေးကောက်ပွဲ ကို မ၀င်ဘဲ ဆန့်ကျင်ကြရန် ပြောသည်။

“၂၀၀၈ အခြေခံ ဥပဒေမှာ ကျမတို့တိုင်းရင်းသားတွေအတွက် ဘာမှလည်း အာမခံချက်ပေးထားတာမပါဘူး၊ စစ်တပ်ကပဲ ဆက်လက်ပြီး အုပ်ချုပ်မယ့် ဥပဒေဖြစ်နေတာကြောင့် ကျမတို့ တိုင်းရင်းသားတွေအနေနဲ့ မပါ ၀င်ကြဖို့ တိုက်တွန်းချင်ပါတယ်၊ ကျမတို့ အတွက် ဘာအကျိုးမှ မရှိနိုင်ဘူး”ဟု  နော်စီရာဖိုးစိန်က ဆိုသည်။

စစ်အစိုးရ အခြခံ ဥပဒေတွင် အကျဉ်းကျခံနေရသူများ ရွေးကောက်ပွဲ ၀င်ခွင့်မရှိဟု ဖော်ပြထားသဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများမှာ ကန့်သတ်ခံထားရခြင်းဖြစ်ကြောင်း၊ ၎င်းတို့ သည် မည်သည့်ရာဇ၀တ်မှုကိုမျှ ကျူးလွန်ခြင်းမရှိဘဲ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ ဖြစ်ကြောင်း၊ ယင်း ရွေးကောက်ပွဲဥပဒေကို နိုင်ငံတကာ ဥပဒေအရကြည့်မည်ဆိုလျှင် ဒေါ်အောင်ဆန်း စုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများမှာ ရွေးကောက်ပွဲ ၀င်ခွင့်ရှိပြီး နအဖ စစ်ဗိုလ်ချုပ်များသာလျှင် ရွေး ကောက်ပွဲဝင်ခွင့်မရှိကြောင်း Forum for Democracy in Burma ၏ နိုင်ငံခြားရေးကော်မတီ အတွင်းရေးမှူး မခင်ဥမ္မာက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ နှင့်  ရွေးကောက်ပွဲဥပဒေ ဆန့်ကျင်ရေးလှုပ်ရှားမှု လှုံ့ဆော်ပွဲများကို ဂျပန်၊ အိန္ဒိယ၊ ဖိလစ်ပိုင် အစရှိသော နိုင်ငံ များ တွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

စစ်အစိုးရက ၂၀၁၀ အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟုကြေညာခဲ့ပြီး ယခုလအတွင်း၌ပင် ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ထုတ်ပြန် ထားသည်။ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကိုမူ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်