ဈေးမြင့်သော်လည်း စိန်အရောင်းလိုက်

E-mail Print
ကမ္ဘာ့စိန်ဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစိန် ဈေးကွက်တွင် ဈေးနှုန်း မြင့်တက်လျက် ရှိသော်လည်း ယခုနှစ် တန်ဖိုးကြီးစိန် အရောင်း အ၀ယ်သည် ၂၀၀၉ ခုနှစ်ထက် ပိုကောင်း လာကြောင်း စိန်ကုန်သည်များက ပြောသည်။

“သိန်းတထောင်တန်တဲ့ စိန်က သိန်းတထောင့်တရာ ထိဈေးတက်တယ်။ သိန်းတရာတန်တဲ့ စိန်က သိန်းတရာ့တဆယ်ထိ ဈေးတက်တယ်။ ဒါတောင် မြန်မာငွေတန်ဖိုး သိပ်မကျလို့ စိန်ဈေး တအားထိုးမတက်တာ” ဟု ရန်ကုန်စိန်ကုန်သည်ကြီးတဦးက ဆိုသည်။

အမေရိကန်ဒေါ်လာနှင့် မြန်မာငွေ လဲနှုန်းတွင် တဒေါ်လာလျှင် ကျပ် ၁၀၀၀ ၀န်းကျင်သာရှိသည်။

စီးပွားရေး သမားကြီးများက ကျောက်စိမ်းလုပ်ကွက်၊ ရွှေလုပ်ကွက်၊ ကားပါမစ်နှင့် တခြား စီးပွားရေး အခွင့်အလမ်းများ ရရှိနိုင်ရန် အမေရိကန်ဒေါ်လာ သိန်းချီတန်သည့် စိန်များ ၀ယ်ယူပြီး စစ်ဗိုလ်ချုပ်များကို လက်ဆောင်ပေးကြကြောင်း ၀ါရင့် စိန်ကုန်သည် တဦးက ဆိုသည်။

၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် နိုင်ငံတကာတွင် စိန်အရောင်းအ၀ယ်များ ကျဆင်းချိန် မြန်မာနိုင်ငံတွင်
စိန်အ၀ယ်ကျခဲ့သော်လည်း သိန်းထောင်သောင်းချီ တန်သည့် စိန်များမှာ အရောင်းအ၀ယ်မှာ ကျဆင်းခဲ့ခြင်းမရှိကြောင်း၊ ယခု၂၀၁၀ ပြည့်နှစ် အတွင်းတွင်လည်း တန်ဖိုးကြီးစိန် အရောင်းအ၀ယ် ဆက်လက် ကောင်းနေဆဲဖြစ်ကြောင်း
စိန်ဈေးကွက်မှ သိရသည်။

စစ်အစိုးရ ဗိုလ်ချုပ်မိသားစုများ၊ ၎င်းတို့နှင့် နီးစပ်ပတ်သက်သော အသိုင်းအ၀န်းက တန်ဖိုးကြီး သိန်းထောင် သောင်းချီတန် စိန်များ
ဝယ်ယူစုဆောင်းနေသောကြောင့်လည်း ထိုသို့ ရောင်းအား မြင့်တက်လာခြင်း ဖြစ်ကြောင်း ပြည်တွင်းစိန်ကုန်သည် အသိုင်းအ၀န်းမှ သတင်း ရရှိသည်။

“တန်ဖိုးကြီးစိန်ကို ၀ယ်တာက နောင်ရေးအတွက်စုကြတဲ့ သဘောပါ။ ပြည်တွင်းမှာတော့ ဒီ တန်ဖိုးကြီးစိန်တွေကို ပုံမှန်ဝယ်တဲ့ လူတန်းစား ရှိတယ်” ဟု ရန်ကုန်မြို့၏ နာမည်ကျော် စိန်တိုက်ပိုင်ရှင် တဦးက ပြောသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုသည်လည်း တန်ဖိုးကြီး စိန်များကို ခုံမင် နှစ်သက်စွာ ၀ယ်ယူကြသည့် စိန် ၀ယ်လက်ကြီး ဖြစ်သည် ဟု စိန်ကုန်သည်များက ဆိုသည်။

၂၀၀၆ ခုနှစ် ဇူလိုင်လက ကျင်းပခဲ့သည့် ဗိုလ်ချုပ်မှူးကြီး၏ သမီး မသန္တာရွှေ၏ မင်္ဂလာပွဲတွင် ၎င်းက စိန်များကို ကိုယ်လုံး ညွှတ်အောင် ဝတ်ဆင်ခဲ့သောကြောင့် အင်တာနက်စာမျက်နှာ You Tube တွင် “စိန်စီသောည” ဆိုသည့် အမည်ဖြင့် ဗီဒီယို ပျံ့နှံ့ခဲ့သည်။ အဆိုပါ ဗီဒီယိုကို ကြည့်ခဲ့ရသည့် စင်ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယုက သတို့သမီးကို မြင်ရသည်မှာ ခရစ္စမတ်သစ်ပင်နှင့် တူသည်ဟု မှတ်ချက်ချခဲ့သည်။

ပြည်တွင်းတွင် တန်ဖိုးကြီးစိန်များ အ၀ယ်သာရှိပြီး ပြန်လည်ရောင်းချမှု အလွန်နည်းသည်ဟု သိရသည်။

ယခုအချိန်သည် မင်္ဂလာဆောင်ရာသီ ဖြစ်သည့်အတွက် ကျပ် ဆယ်သိန်းမှ သိန်း ၅၀ အထိဇနီးမောင်နှံ စိန်လက်စွပ်များ
အ၀ယ်လိုက်လျက် ရှိကြောင်း ရန်ကုန်စိန်ကုန်သည်များက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်