ပါတီ မှတ်ပုံတင်ရေး NLD လူငယ်များ လက်မခံ

E-mail Print
ဒေါ်အောင်ဆန်း စုကြည်၏ ရွေးကောက်ပွဲ အပေါ် ထားရှိသော သဘောထား အတိုင်း ရပ်တည်၍ ရွှေဂုံတိုင် ကြေညာ စာတမ်းကို ဆက်လက် ကိုင်စွဲသွားမည်ဟု နိုင်ငံတ၀န်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ် ကိုယ်စားလှယ်များက ဆုံးဖြတ် လိုက်သည်။

ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ ယနေ့ကျင်းပသည့် အစည်းအဝေးတွင် နိုင်ငံတ၀န်းရှိ NLD လူငယ် ကိုယ်စားလှယ် ၅၁ ဦး တို့က ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“ဒီနေ့ ပါတီကို မှတ်ပုံမတင်ဖို့နဲ့ ရွေးကောက်ပွဲမှာ မ၀င်ပြိုင်ဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်တယ်။ ပါတီ မှတ်ပုံတင်ရေးအတွက် အဓိကထား ဆွေးနွေးဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ တညီတညာတည်း ဆုံးဖြတ်လိုက်တာပါ” ဟု မကွေးတိုင်း NLD လူငယ် အကူအညီပေးရေး တိုင်း တာဝန်ခံ ကိုနေမျိုးကျော်က ပြောသည်။

NLD လူငယ်များအနေဖြင့် ပြည်သူလူထုနှင့်အတူ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီ အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ပါတီ ဖျက်သိမ်းလိုက်ပါက နောက်ထပ် လမ်းကြောင်းတခုကို ရှာဖွေရွေးချယ်သွားမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးက ဆုံးဖြတ်ချက် ၆ ချက်ကို ချမှတ်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ပါတီ မှတ်ပုံမတင်ရန်၊ ရွှေဂုံတိုင်ကြေညာချက်အတိုင်း ဆက်လက်ရပ်တည် သွားရန်၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သည့် ဗဟိုကော်မတီ ဆုံးဖြတ်ချက်များကို NLD လူငယ်များက လိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်များအတိုင်း လူငယ်များက ဆက်လက်ဆွဲကိုင် ဆောင်ရွက်သွားရန်၊ မတ်လ၂၉ ရက်နေ့ တွင် ကျင်းပမည့် အစည်းအဝေးသို့ NLD လူငယ်များတက်ရောက်ခွင့်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံ နေစဉ်အတွင်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးအနေဖြင့် လူငယ်ထုကို တာဝန်ယူ ကြီးကြပ် လမ်းညွှန်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

NLD သည် ပြီးခဲ့သည့် နှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ပြင်ဆင်ရန်နှင့် ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်လေ့လာခွင့်ပြုရန် စသည့်အချက်များကို စစ်အစိုးရက လိုက်လျောလျင် ၂၀၁၀ ရွေးကောက်ပွဲ ကိုလက်ခံမည်ဟူသော မူပေါ်တွင် ရပ်တည်ထားသည်။

“NLDက ရွေးကောက်ပွဲ ၀င်မယ်လို့ ဆုံးဖြတ်ခဲ့ရင်လည်း အဲဒီဆုံးဖြတ်ချက်ကို ကျနော်တို့က လက်ခံမှာ မဟုတ်ပါဘူး။ ကျနော်တို့က မ၀င်ဖို့ ဆုံးဖြတ်ထားတယ်” ဟု ရန်ကုန်တိုင်း အကူအညီပေးရေး တာဝန်ခံ ကိုမျိုးမင်းစိုးက ဆိုသည်။

၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် NLD လူငယ် ၁၀၀ ခန့်သည် ပါတီ၏ ဆုံးဖြတ်ချက်များတွင် ပါဝင်ပြောဆိုခွင့် မရှိသည့် အတွက် ပါတီဝင်အဖြစ်မှ နုတ်ထွက်ခဲ့ကြသည်။

NLD လူငယ်တဦး ဖြစ်သူ ကိုနေခြည်ဝင်းက “မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်ထင်လို့ NLDအဖွဲ့ထဲကို ၀င်ခဲ့တာပါ။ ဒါပေမယ့် NLDက ဘာတခုမှ မလုပ်နိုင်ဘူး” ဟု ဆိုသည်။

NLD (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးရာ ဌာနမှ ကိုမိုးဇော်ဦးကလည်း နိုင်ငံတ၀န်းမှ NLD လူငယ် ကိုယ်စားလှယ်များ၏ ဆွေးနွေးပွဲသည် အခြေအနေကောင်းတခုဖြစ်သည်ဟု ဆိုသည်။

“အခုက NLDက အရေးကြီးတဲ့ ခေါင်းဆောင်တွေရဲ့ သဘောထားက မှတ်ပုံမတင်သင့်ဘူး၊ မတရားတဲ့ ဥပဒေတွေအောက်မှာ ရွေးကောက်ပွဲ မ၀င်သင့်ဘူးလို့ ပြောပြီးတဲ့နောက်မှာ ကျနော်တို့သဘောထား ကတော့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဖြစ်သင့်ပြီလို့ထင်တယ်။ လူငယ်တွေဆိုတာကလည်း ခေါင်းဆောင်တွေ အပေါ်မှာ ယုံကြည်မှုကို ပြင်းပြင်ထန်ထန်ရှိတဲ့ အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်ခေါင်းဆောင်တွေရဲ့သဘောထား အတိုင်းဖြစ်မယ်လို့ ကျနော်ကတော့ မျှော်လင့်တယ်၊ ယုံကြည်ပါတယ်” ဟု သူက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးအတွက် ဗဟို ကော်မတီက ဆုံးဖြတ်ချက် မချမှတ်မီ  ထိန်းသိမ်းမှုများနှင့် ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် ဗဟိုအဖွဲ့ဝင် လူငယ်များအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်