နိုင်ငံရေးပါတီများ ထုတ်ဝေခွင့် ညွှန်ကြားချက် ထုတ်ပြန်

E-mail Print
မှတ်ပုံတင်ပြီးသော နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပုံနှိပ်ထုတ်ဝေမည့် စာရွက်စာတမ်းများအတွက် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ မှတ်ပုံတင်ရန် ညွှန်ကြားချက်ကို ကန့်သတ်ချက်များနှင့်တကွ ထုတ်ပြန်ထားကြောင်း သိရ သည်။

စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်ဗဟို အဖွဲ့က မတ်လ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ယင်းညွှန်ကြားချက်တွင် စစ်အစိုးရကို မဆန့်ကျင်ရန်၊ စစ်တပ်ကို မပုတ်ခတ်ရန်၊ ထုတ်ပြန်ထားသော အမိန့်များအား မဆန့်ကျင်ရန် စသည့် ကန့်သတ်ချက်များ ပါဝင်သည်။

ထို့အပြင် ပါတီများသည် မှတ်ပုံတင်ကြေး ကျပ် တသိန်းနှင့် အာမခံကြေး ကျပ် ငါးသိန်းကိုလည်း သွင်းရမည်ဟု ညွှန်ကြားချက် တွင်ပါရှိသည်။

အကယ်၍ နိုင်ငံရေးပါတီများက သတ်မှတ်ချက်များကို ဖောက်ဖျက်ပါက အာမခံကြေး တစိတ်တဒေသဖြစ်စေ အားလုံးကို ဖြစ်စေ သိမ်းယူခံရမည်ဖြစ်ပြီး ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူမည်ဟုလည်း ဖော်ပြထားသည်။

နိုင်ငံရေးပါတီများသည် ထုတ်ဝေလိုသည့် ပါတီ၏ မူဝါဒ၊ သဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်း အချက်အလက်များ ပါရှိသော စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များကို စာပေစိစစ်ရေးသို့ ကြိုတင် စိစစ်မှုခံယူ ရန် မလိုဘဲ ထုတ်ဝေနိုင်မည် ဖြစ်သည်။

ထုတ်ဝေဖြန့်ချိသည်နှင့် တပြိုင်နက် စာပေစိစစ်ရေးသို့လည်း အချော ၁၀ စောင် တင်ပြရမည်ဟု သတ်မှတ်ထားသည်။ အချောအနေနှင့် တင်ပြထားသည့် စာများကိုသာ Online (Wesite) သို့ တင်ရမည်ဟုလည်း တပါတည်း ကန့်သတ်ထားသည်။

လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိသော ယင်းညွှန်ကြားချက်၌ နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီ မှတ်ပုံတင်အပြီး ရက် ၉၀ အတွင်း ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေပုဒ်မ (၆) အရ လာရောက်  မှတ်ပုံတင်နိုင်သည်ဟု ဖော်ပြထားသည်။

သတ်မှတ်ရက် ကျော်လွန်ပြီးမှ လျှောက်ထားလာသော မှတ်ပုံတင် လျှောက်လွှာများအား ဆောင်ရွက်ပေးမည် မဟုတ်ဟုလည်း ပါသည်။

လတ်တလောတွင် မှတ်ပုံတင်ထားသည့် ပါတီမှာ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ပါတီ တို့ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်