အမေရိကန်စစ်တပ်က မြန်မာစစ်တပ်နှင့် ညှိနှိုင်းလို

E-mail Print
အမေရိကန် အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ အပြောင်းအလဲ ရှိလာပါက စစ်ဘက်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခြင်းဖြင့် မြန်မာအစိုးရနှင့် ညှိနှိုင်းလိုကြောင်း အမေရိကန် ထိပ်တန်း စစ်အရာရှိတဦးက အမေရိကန် လွှတ်တော်အမတ်များကို ယခုတပတ်အတွင်း ပြောကြားလိုက်သည်။

ကြာသပတေးနှင့် သောကြာနေ့များက အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော်တို့၏ လက်နက်ကိုင် တပ်ဖွဲ့များ ဆိုင်ရာ ကော်မတီ အစည်းအဝေးပွဲများ တက်ရောက်စဉ် အမေရိကန်ပစိဖိတ်ဒေသ ရေတပ် ဗိုလ်ချုပ် Robert Willard က နှစ်နိုင်ငံ စစ်ဘက်ဆက်နွယ်မှုများ မရှိကြောင်း၊ သို့သော်လည်း အမေရိကန်အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြောင်းလဲပါက စစ်ဘက်ဆက်နွယ်မှုသည်လည်း ပြောင်းလဲနိုင်ကြောင်း ပြောကြားသွားသည်။

robert_willard“စစ်ဘက်ရေးရာပုဂ္ဂိုလ်ချင်း  တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ အမေရိကန်ပစိဖိတ်ဒေသ စစ်ဌာနချုပ်က ပြင်ဆင်နေပါတယ်” ဟု ဗိုလ်ချုပ်   Willard က ပြောလိုက်သည်။

မြန်မာစစ်အစိုးရနှင့် မည်သို့သော ဆက်ဆံမှု ပြုလုပ်လိုကြောင်း အတိအကျ ပြောဆိုခြင်း မရှိသော်လည်း ဗိုလ်ချုပ်  Willard က နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေသည့် အကြောင်းအချက်တချို့ကို ထုတ်ဖော် ပြောကြားခဲ့သည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ရေပိုင်နက် အငြင်းပွားမှု၊ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု၊ လူကုန်ကူးမှု၊ ကူးစက်ရောဂါ ပျံ့ပွားမှု စသဖြင့် မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေက ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေပါတယ်” ဟု သူက ရှင်းပြသည်။

အမေရိကန်နှင့် မြန်မာတို့ နောက်ဆုံးအကြိမ် စစ်ဘက်ရေးရာ ဆက်ဆံမှုကို နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး တွေ့ခဲ့ရသည်။ မုန်တိုင်းသင့်ဒေသသို့  အမေရိကန် လေယာဉ်တင် သင်္ဘောများ စေလွှတ်ပြီး ဒေါ်လာ ၁ သန်းကျော်တန် အကူအညီများ ပေးအပ်ရေး ကမ်းလှမ်းချက်ကို မြန်မာအစိုးရက ပယ်ချခဲ့သည်။

ဤအတောအတွင်း မြန်မာပြည်၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း အမေရိကန်အစိုးရက သောကြာနေ့တွင် ပြောကြားလိုက်သည်။

“ဒီဥပဒေတွေကြောင့် ကျနော်တို့ စိတ်ပျက်မိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်သူ့ရေးရာဌာန အကြီးအကဲ မစ္စတာ P J Crowley က ပြောသည်။

“မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသား အင်အားစုတွေနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာသင့်ပါပြီ။ ဒါပေမယ့် ဒီဥပဒေတွေက ဆွေးနွေးပွဲလမ်းတွေကို ပိတ်ဆို့နေပါတယ်” ဟု မစ္စတာCrowleyက ပြောလိုက်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်