ရန်ကုန်သင်္ကြန် စည်ကားရန် အာဏာပိုင်တို့ စီစဉ်နေ

E-mail Print
ယခုနှစ် သင်္ကြန် နေပြည်တော် တွင်သာ စည်ကားမည်ဟု သတင်း ထွက်ပေါ် နေချိန်တွင် အာဏာပိုင်တို့က ရန်ကုန်သင်္ကြန် စည်ကားရေး အတွက် လုပ်ဆောင်ရန် ရန်ကုန်တိုင်း အဆင့် တာဝန်ရှိသူ များကို မကြာသေးမီက ညွှန်ကြား ထားကြောင်း သိရသည်။

သို့သော်လည်း သင်္ကြန် မဏ္ဍပ်များတွင် ဆေးလိပ်နှင့် အရက် ကုမ္ပဏီ ကြော်ငြာများကို ခွင့်မပြုဟု အာဏာပိုင်တို့က စည်းကမ်းချက် ထုတ်ထား ခြင်းကြောင့် သင်္ကြန် မဏ္ဍပ်များ ဖြစ်မြောက်ရေး အခက်အခဲ ရှိနေသည်ဟု သိရသည်။ ယခင်နှစ် သင်္ကြန်များတွင် ဆေးလိပ်နှင့် အရက် ကုမ္ပဏီများက ငွေကြေး အမြောက် အမြား သုံးပြီး မဏ္ဍပ်များ တည်ဆောက်လေ့ ရှိသည်။

“ရေကစားနဲ့ ဖျော်ဖြေရေးတင် (ကျပ်) သန်း ၈၀ လောက် ကုန်မှာ။ ဒီလိုတွေ သတ်မှတ်ထားတော့  စပွန်ဆာ တောင်းမရတဲ့ အခက်အခဲတွေ ရှိလာတယ်။  စီးပွားရေးသမားတွေ ဘက်ကလည်း အရှုံးခံပြီး ဘယ်လုပ်ချင်မလဲ” ဟု မရမ်းကုန်းမြို့နယ်မှ မဏ္ဍပ် တည်ဆောက်မည့်သူ တဦးက ပြောသည်။ 

ရန်ကုန်သင်္ကြန် စည်ကားရေးအတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ် နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့က အကောင်အထည် ဖော်ရမည်ဟု သိရသည်။

“မြို့တော်ဝန်မဏ္ဍပ် အပါအ၀င် ရန်ကုန်မြို့တော် စည်ပင် နယ်နမိတ်မှာ ရှိတဲ့ မြို့နယ်ပေါင်း ၃၃ မြို့နယ်ကို ဖျော်ဖြေရေးနဲ့ ရေကစားမဏ္ဍပ် တခုစီ ဆောက်ရမယ် ဆိုပြီး  ညွှန်ကြားချက် ထုတ်ထားတယ်” ဟု ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။ 

မဏ္ဍပ်နောက်ခံ သရုပ်ဖော် အပြင်အဆင်များသည် မြန်မာ့ ရိုးရာ ယဉ်ကျေးမှုသင်္ကြန်ကို ဖော်ညွှန်း ပြသသည့် အပြင် အဆင်များ ဖြစ်ရမည်၊ သင်္ကြန်မဏ္ဍပ်များ၏ အမည်ကိုလည်း မြန်မာ့ရိုးရာ အမည်များသာ ပေးရမည် ဟူသော အချက်များလည်း ရန်ကုန် သင်္ကြန်အတွက် ညွှန်ကြားချက်တွင် ပါဝင်သည်ဟု ဆိုသည်။

ရန်ကုန်မြို့တော်တွင် သင်္ကြန် မဏ္ဍပ်များ ဆောက်လုပ်ခွင့် ပြုခဲ့ရာ ယမန်နှစ်က မဏ္ဍပ်ပေါင်း ၂၀၀ ကျော် ရှိခဲ့သည်။ ယခုနှစ် မဏ္ဍပ်မည်မျှ ရှိမည် ဆိုသည်ကို သင်္ကြန်ကျမည့် ဧပြီလလယ်တွင် တွေ့ရမည် ဖြစ်သည်။

၁၉၈၀ ပြည့်နှစ် ၀န်းကျင်က ရန်ကုန်မြို့အနှံ့ ရေပက်ခံ မဏ္ဍပ်၊ ဖျော်ဖြေရေး မဏ္ဍပ် အများအပြား ရှိခဲ့သည်။ အလှပြယာဉ်များ၊ သံချပ် အဖွဲ့များဖြင့် စည်ကား သိုက်မြိုက်စွာ အပြိုင်အဆိုင် ပြုလုပ်ခဲ့ကြသည့် အစဉ်အလာများ ရှိခဲ့ကြသည်။

အဆိုတော် နှင့် သရုပ်ဆောင် အများအပြားက ယခုနှစ် သင်္ကြန်ကာလတွင် ရန်ကုန်၌ ရှိမည် မဟုတ်ဘဲ နေပြည်တော်တွင် ပြုလုပ်မည့် သင်္ကြန်ပွဲတော်၌ သွားရောက် ဖျော်ဖြေကြမည် ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်