ဝက်တုပ်ကွေး သံသယ တပ်မတော်နေ့ကို ဂယက်ရိုက်

E-mail Print
နေပြည်တော်တွင် ၀က်တုပ်ကွေး (H1N1) ဟု ယူဆရသော ရောဂါဖြစ်ပွား နေသောကြောင့် ပြီးခဲ့သည့် တပ်မတော်နေ့ အခမ်း အနားသို့ ကာကွယ်ရေး ၀န်ကြီးဋ္ဌာနမှလွဲ၍ ကျန်သော ၀န်ကြီးဋ္ဌာနများအား အခမ်းအနား တက်ရောက်ရန် မခေါ်ခဲ့ကြောင်း စစ်တပ် အသိုင်းအ၀န်းနှင့် နီးစပ်သူ တဦးက ဆိုသည်။

“တော်လှန်ရေးနေ့ အခမ်းအနား မစမီကတည်းက တုပ်ကွေး ဂရက်တွေ ပျံနှံ့နေခဲ့ပြီး တပ်ခွဲ အနည်းဆုံး နှစ်ခွဲလောက် အထိ အင်အား လျော့ခဲ့တယ် ''ဟု ၎င်းက ပြောသည်။

ဆေးရုံတက် ကုသနေရသူ မည်မျှရှိသည်ကို စာရင်း အတိအကျ မသိရဟု စစ်ဘက်ဆိုင်ရာ အရာရှိ တဦးကလည်း ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နေပြည်တော်ရှိ တပ်မတော် ဆေးရုံကြီးသို့  ဧရာဝတီ သတင်းဋ္ဌာနမှ ဆက်သွယ် မေးမြန်းခဲ့ရာ  ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပေ။ 

ယခုနှစ်တပ်မတော်နေ့တွင် ချီတက်သည့် ရဲဘော်များကို ကြိုဆို ပန်းကုံးစွပ်ရန် အတွက် ယခင်နှစ်များကဲ့သို့ ၀န်ကြီးဌာနတခု ကို လူအင်အား ငါးဆယ်တောင်းယူခြင်းမရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ အရာရှိတဦးကပြောသည်။

“မနက်အစောကြီးသွားပြီး မကြိုချင်ကြိုချင် ကြိုရတဲ့အဖြစ်က လွတ်ပြီမို့ ၀န်ထမ်းတွေ တော်တော်ကို ပျော်ကြတယ်”ဟု  
ယင်းအရာရှိက ဆိုသည်။

နေပြည်တော်ရွာတော်ရပ်ရှိ စစ်ကြောရေးတည်းခိုဆောင်ကို ဆေးဖျန်းခြင်း၊ ကာကွယ်ဆေးတိုက်ကျွေးခြင်းများပြုလုပ်ခဲ့ ကြောင်း နေပြည် တော်ကျန်းမာရေး ၀န်ကြီးဌာနမှ ဆရာဝန်တဦးက ပြောသည်။

ဝက်တုပ်ကွေး(H1N1) ဗိုင်းရပ်စ်ပိုးသည် နေပြည်တော် စစ်ကြောရေး တည်းခိုဆောင်များတွင် ရှိနေခြင်းဖြစ်နိုင်သည်ဟု ထိုဆရာဝန်ကဆိုသည်။

ယခုကဲ့သို့ ပြဿနာမျိုးကို ပြီးခဲ့သည့် ပြည်ထောင်စုနေ့အခမ်းအနားတွင်လည်း ကြုံခဲ့ရသည်ဟု နေပြည်တော်တိုင်းစစ်ဋ္ဌာန ချုပ်က အရာရှိတဦးက ပြောပြသည်။

“ပြည်ထောင်စုနေ့ အခမ်းအနားပြီးသွားလို့  မတ်လဆန်းရောက်တာတောင် တိုင်းရင်းသားကိုယ်စားလှယ် တချို့ကိုပြန်ခွင့် မပေးဘဲ အာဏာပိုင်တွေကုသတဲ့ ကုတင်တထောင်ဆေးရုံမှာ ဆက်ကုသခိုင်းခဲ့တယ်''ဟု ၎င်းက ပြောသည်။

စစ်ကြောရေးစခန်းရှိရာ ရွာတော်ရပ်တွင် ပြီးခဲ့သည့် အမျိုးသားစာပေဆုနှင်းသဘင် ကျင်းပစဉ်က ဧည့်သည်တဦး ဖျားနာ သောကြောင့် ဆေးရုံတက်ခဲ့ရသေးသည်ဟုလည်း ဆိုသည်။

နေပြည်တော်တွင် တပ်မတော်ကုတင် တထောင်  ဆေးရုံကြီးတည်ဆောက်ထားပြီး ယင်းဆေးရုံတွင် လက်ရှိ ၀က်တုပ်ကွေး (H1N1) ဖြစ်ပွားနေသည့် တပ်မတော်သားများကို ထားရှိကြောင်းသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်